Friday, January 2, 2015

အမြန်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁၅၀ ဦး သေဆုံး

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ၂၀၁၄ တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှု များကြောင့် လူ ၁၅၀ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်းက ပြောသည်။

၂၀၁၄ တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှု ၄၁၂ မှုရှိခဲ့ပြီး လူ ၁၅၀ ဦးသေဆုံးခဲ့ကာ၈၀၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို ဖြစ်ပွားမှုနှုန်းအရ ပျမ်းမျှအားဖြင့် အမြန်လမ်းတွင် တစ်ရက်လျှင်ယာဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားနေသည်။



အမြန်လမ်းတွင် ယာဉ်မ တော်တဆမှုများလျော့နည်းစေ ရန် ယာဉ်မောင်းလိုင်စင်စစ်ဆေး ခြင်း၊ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးခြင်း၊ ယာဉ်လိုင်စင် စစ် ဆေးခြင်း၊ လုပ်ငန်းလိုင်စင် စစ် ဆေးခြင်း၊ မီးသတ်ဆေးဘူး စစ် ဆေးခြင်း၊ တာယာကြံ့ခိုင်မှု စစ် ဆေးခြင်း၊ ယာဉ်အောက်ပိုင်း ကြံ့ ခိုင်မှုစစ်ဆေးခြင်း များကို တစ်နှစ် ပတ်လုံး လုပ်ဆောင်ခဲ့ကြောင်း အ မြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။

ယာဉ်မတော်တဆဖြစ်မှုများ တွင် အပြစ်ရှိသူများကို ၁၉၆၄ မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့် အရေးယူ၍ ပုဒ်မ ၂၁/၆၄ ဖြင့်တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁,၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ်တစ်လချမှတ်လျက်ရှိ သည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကို လေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ကားမတော် တဆဖြစ်ပွားမှုများ မကြာခဏဖြစ်ပေါ်နေပြီး ဖြစ်ပွားပါက ခရီးသွား ပြည်သူများအနေဖြင့် Hotline နံပါတ် ၁၈၈၀ သို့ အရေးပေါ်ချက် ချင်းခေါ်ဆိုနိုင် သည်ဟု ထုတ်ပြန် ထားသော်လည်း ခေါ်ရခက်ကြောင်းခရီးသွားပြည်သူများက ဆိုသည်။

7Day Daily

No comments:

Post a Comment