Thursday, January 1, 2015

တစ်နှစ်အတွင်း တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်များကြား တစ်ပတ်အတွင်း တိုက်ပွဲငါးကြိမ်ခန့်ဖြစ်ပွားခဲ့


အစိုးရတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကြားလက်နက်ကိုင်ပဋိပက္ခတစ်ပတ် လျှင် ငါးကြိမ်နှုန်းခန့်ဖြစ်ပွားခဲ့ပြီးစစ်ဘေးဒုက္ခသည်ဦးရေတစ် သောင်းကျော်မြင့်တက်လာ ကြောင်းသတင်း ရရှိသည်။

၂၀၁၄ အတွင်း လက်နက် ကိုင်ပဋိပက္ခအကြိမ်ရေ စုစုပေါင်း၂၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA/ PSLF) တို့ကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေအများဆုံးဖြစ်ပွားခဲ့သည်။

ထို့အပြင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSPP/SSA)၊ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ် မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ကိုး ကန့်အဖွဲ့ (MNDAA)တို့ပါဝင်နေ ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာသော Myan−mar Peace Montiar စစ် တမ်းများအရ သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များ အရှိန်အဟုန်မြှင့်၍ ခပ်စိပ် စိပ်ပြုလုပ်ခဲ့သော ၂၀၁၄ အ တွင်း လက်နက်ကိုင် ပဋိပက္ခများ ပိုမိုမြင့်တက်နေခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ အတွင်းက အစိုးရတပ်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ကြား လက်နက်ကိုင်ပဋိပက္ခ အကြိမ်ရေစုစုပေါင်းနှစ်ရာခန့် ဖြစ်ပွားခဲ့သည်။

၂၀၁၄ မတ်လသည် လက် နက်ကိုင်ပဋိပက္ခ အကြိမ်ရေ အနည်းဆုံးအဖြစ် ၁၀ ကြိမ်ဖြစ် ပွားခဲ့သည်။ ၂၀၁၄ အတွင်း လက်နက်ကိုင်ပဋိပက္ခအကြိမ်ရေ အများဆုံးကာလမှာ မေလဖြစ်ပြီး စုစုပေါင်းတိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွား ခဲ့သည်။

7Day Daily

No comments:

Post a Comment