Tuesday, January 13, 2015

သမ္မတအိမ်တော် တွေ့ဆုံပွဲတွင် ဒေါ်စုနှင့်တိုင်းရင်းသားများ ထိပ်တိုက်တိုး ဟု ဆို


ဇန်နဝါရီလ ၁၂ ရက်နေ့ သမ္မတအိမ်တော် ဆွေးနွေးပွဲတွင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ထိပ်တိုက်တိုး ခဲ့ကြောင်း သတင်းရရှိသည်။ တိုင်းရင်းသား ကိုယ်စားလှယ် များက တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ လူမှုစီးပွား တိုးတက်ရေးက အရေးကြီးကြောင်း ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် အချေအတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်သွင်းသည့်အချက်အလက်များနှင့် ပတ် သက်၍ တိုင်းရင်းသားများ၏ လိုလားချက်များပါဝင်ရေးကို တင်ပြခဲ့ရာ ဒေါ် အောင်ဆန်းစုကြည်က ၄င်းလိုချင်သည့်အချက်ကိုသာ ထည့်သွင်းပေးရန် ပြော ကြားခဲ့သဖြင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်သည်။

"ဒေါ်စုက သူလိုချင်တာကိုပဲ ဇွတ်ပြောနေတာ။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက် ကို အလေးမထားဘူး။ စိတ်မကောင်းစရာပါပဲ။ သမ္မတဖြစ်ရေးထက်ပိုပြီး အရေး ကြီးတာ ၂၀၁၅ ကိုအေးအေး ဆေးဆေးကျော်ဖြတ်နိုင်ဖို့ပဲ။ ပြီးတော့ ပြည်သူ တွေ စီးပွားရေးအဆင်ပြေဖို့အရေးကြီးတယ်။ ဒီမှာပဲ သဘောထားတွေ ကွဲလွဲ တာ။ စိတ်ဆိုးပြီးတော့ နေ့လည်ပိုင်း ဆက်ဆွေနွေးတော့ သူက မပြောတော့ဘူး လုပ်တယ်။ ဒီလိုပွဲမျိုးမှာ ဒါမျိုး မလုပ်သင့်ဘူး လို့ ပြောရမှာပဲ" ဟု တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

တိုင်းရင်းသားကိုယ်စားလှယ် ဦးရေအများဆုံး တက်ရောက်ခဲ့သော ပထမဆုံးတွေ့ဆုံမှုတွင် ယခုကဲ့သို့ ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ>> Irrawaddy
ဗမာ့အသံ

No comments:

Post a Comment