Tuesday, January 13, 2015

တရုတ်သံရုံးအနီး လက်ပံတောင်းအရေးဆန္ဒပြခေါင်းဆောင်လေးဦးကို ယနေ့ရုံးထုတ်မည်


တရုတ်သံရုံးအနီး လက် ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွင် ဦးဆောင် သူ လေးဦးကို ရန်ကုန်အနောက် ပိုင်းခရိုင် ဒဂုံမြို့နယ်တရားရုံး၌ ဇန်နဝါရီ ၁၃ ရက်တွင် ရုံးထုတ် မည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ညနေက တရုတ်သံရုံးအနီးတွင်လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်သူများနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့သည်။

ဦးဆောင်သူများဖြစ်သည့် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးနှင့် ကိုတင်ထွဋ်ပိုင်တို့ လေးဦးကို နံနက် ၉ နာရီခွဲခန့်တွင် ဒဂုံမြို့နယ် တရားရုံး၌ ရုံးချိန်းဆင့်ခေါ်ထား ကြောင်း တရားစွဲခံရသူများ ဘက် မှ ရှေ့နေလိုက်ပေးမည့် ဦးရော ဘတ်စန်းအောင်က ပြောသည်။


ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ဒေါ်စိန်ထွေးနှင့်ကို တင်ထွဋ်ပိုင်တို့ကိုပုဒ်မ ၂၉၄(ခ)၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆၊ ပုဒ်မ ၁၄၉၊ ပုဒ်မ ၅၀၅ (ခ)/၁၁၄ နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ထိုလေးဦးကို ဒဂုံမြို့နယ် တရားရုံး၌ ဖမ်းဆီးတရားစွဲဆို လိုက်ခြင်းဖြစ်ပြီး ရမန်နှစ်ပတ်ယူ ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ ခြင်းဖြစ်သည်။

‘‘သူတို့ကို ငါတို့လည်း မလုပ်ချင်ပါဘူး။ ကိုယ့်နယ်မြေ တွင်းမှာဖြစ်နေတော့ ဥပဒေအရ လုပ်ရတာ။ လက်ပံတောင်းမှာဖြစ် တဲ့ကိစ္စလေ။ သူတို့က ဆန္ဒပြတာ တင်မဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင်ကို ဆဲဆိုတော့ ဝတ္တရားနှောင့်ယှက် သလိုဖြစ်တယ်’’ဟု အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်း ကြည်က ပြောကြားသည်။

တရုတ်သံရုံးအနီးတွင် လက်ပံတောင်းဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment