Friday, January 16, 2015

လုံးခင်းရဲစခန်းနှင့် ရဲကင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲ ကလေးငယ်တစ်ဦးအပါအ၀င် သုံးဦးဒဏ်ရာရ


ဇန်န၀ါရီ ၁၅ ရက် ည ၇ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းနှင့် မြို့ပေါ် ရဲကင်းတစ်ခုတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သည်။

ဒေသတွင်း ရဲစခန်းနှင့် ရဲကင်းများတွင် သေနတ်နှင့် ကျည်အသင့်အနေအ ထားဖြင့် လုံခြုံရေး စောင့်နေသည်။ အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို စိစစ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။


ထို့အပြင်ဒေသတွင်းလုံခြုံ ရေးအခြေအနေကြောင့် ဖားကန့် -ကာမိုင်း-မိုးကောင်းလမ်းကို ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီခန့် စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဖမ်းဆီးခံထားရသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ပြန်လွှတ်ပေးရန် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့ နှင့် ကေအိုင်အေက တွေ့ဆုံညှိနှိုင်းရန် ဇန်န၀ါရီ ၁၅ ရက်က ချိန်းဆိုခဲ့သော်လည်း မြစ်ကြီးနား PCG ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ပါမှသာ ပြန်လွှတ်ပေးမည်ဟု အကြောင်း ပြန်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက်က အင်းတော်ကြီးအနောက်ဘက်က တုံပေရွာအနီး တွင် ကေအိုင်အေတပ်ရင်း(၂၆)နှင့် စစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအိုင်အေ ၏ တပ်ရင်း (၆)အခြေစိုက်ရာ အောင်ဘာလေရွာတွင် လက်နက်ကြီးများဖြင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များက ပြောသည်။ စစ်တပ်က ကေအိုင်အေကို ထိုးစစ်ဆင်နေပြီး ကေအိုင်အေ တပ်များ ဆုတ်ခွာလာဖွယ်ရှိသည့် လမ်းကြောင်းမှ တမခန်၊ ဆည်ဆင်း၊ ဝေခါကျေးရွာဒေသခံများက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။

7Day News Journal

No comments:

Post a Comment