Saturday, January 17, 2015

ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမှန်သိရန် သုတေသနစတင်ပြုလုပ်


ဒေါ်အောင်ဆန်းစု ကြည်အပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအ ဖွဲ့အစည်းများကထားရှိသည့် သဘောထားအမှန်ကို သိရှိနိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့က သုတေသနပြုလုပ်နေကြောင်း သတင်းရရှိကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့ရှိ နိုင်ငံရေး ပါတီသုတေသန ဌာနက လက်ရှိတွင် နိုင်ငံရေးပါတီများထံ ကွင်းဆင်းကာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသည့် သဘောထားအား သုတေသနပြု လုပ်လျက်ရှိသည်ဟု ဗဟိုသုတေ သန လမ်းညွှန်အဖွဲ့မှ သိရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုသုတေသနလမ်းညွှန် အဖွဲ့က သုတေသနပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် သဘောထားအမြင် အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့ အပေါ် ထား ရှိသည့် သဘောထားများကို လည်း ထည့်သွင်းသုတေသနပြု လုပ်ခြင်းဖြစ်သည်။

‘‘အဓိကကတော့ ပေါ်လစီ အမှန်တွေချနိုင်ဖို့ပါ။ ဒီအချက် အလက်တွေကို ထုတ်ပြန်ဖို့ မ ဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေကို တင်ပြဖို့ပါ’’ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင် သိမ်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပါတီဗဟိုသုတေသန လမ်းညွှန်အဖွဲ့ကို ပြီးခဲ့သည့်မေလ အတွင်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ပါတီ၏ လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရန်ရည်ရွယ် ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဟံသာမြင့်က တာဝန်ယူထားသည်။

လက်ရှိအချိန်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးရရှိရန်ကိစ္စရပ်များကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၊ နိုင်ငံရေး အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

7Day Daily

1 comment:

  1. ဘာစစ်​တမ်းမှ​ကောက်​မ​နေနဲ့ အားကိုးလို့မရမှန်းမျက်​ကန်း​တွေကလွဲပြီးအားလုံးကသိ​နလေို့ ဘ်​သူမှမ​ထောက်​ခံ​တော့ဘူး အံ့ပါရဲ့နိုင်​ငံခြားမှာအ​နေကြာလာလို့ လူ့အခွင့်​အ​ရေးက​တော့ပါစပ်​ဖျားကမချဘူး လူ့အခွင့်​အ​ရေးတစ်​ခုတည်းနဲ့နိုင်​င့ကိုတည်​​ထောင်​လို့မရဘူးနိုင်​ငံတိုင်းမှာအမျိုးသား​ရေးအထူးအ​လေးထား​နေချိန်​မှာ သူက လူ့အခွင့်​အ​ရေးတဲ့ ဒိတ်​​အောက်​​နေပြီလူ့အခွ့်​အ​ရေးမဟုတ်​ဘူး ကုလားအခွင့်​အ​ရေးကို​တောင်းဆို​ပေး​နေတာလို့ပဲခံစားရတယ်​ အဲဒီအတိုင်းဆက်​သွားလို့က​တော့ မဲမရရုံတင်​မကဘူးဗိုလ်​ချုပ်​ရဲ့သိက္ခာကိုပါ ကျ​စေတဲ့သူအဖြစ်​မြင်​လာပြီင

    ReplyDelete