Tuesday, January 6, 2015

ကုလက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ်ချက်အပေါ် ရခိုင်အမျိုးသားပါတီ ပြင်းပြင်းထန်ထန်ကန့်ကွက်မည်

ကုလသမဂ္ဂအထွေထွေ ညီလာခံက ရိုဟင်ဂျာဆိုသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ရမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းအပေါ် လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ ၂၉ ရက်ကပြုလုပ်ခဲ့သော (၆၉)ကြိမ်မြောက်ကုလအထွေထွေညီလာခံတွင် ရိုဟင်ဂျာဆိုသူများကို
နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဟု ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူများက ရိုဟင်ဂျာလူမျိုးလုံးဝမရှိကြောင်း ဆန္ဒထုတ်ဖော်ငြင်းဆိုထားပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း ရိုဟင်ဂျာလူမျိုးလုံးဝမရှိကြောင်း အတိအလင်းဖော်ထုတ်ပြောကြားထားသည်။ ယင်းအတွက်ကြောင့် ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်သည် အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးပြီး ရခိုင်ပြည်နယ် နယ်မြေတည်တံ့မှုကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်၍ အဆိုပါ ဆုံးဖြတ် ချက်ကို လုံးဝပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်းရခိုင်အမျိုးသားပါတီကဆိုသည်။

ယင်းသို့ အင်အားသုံးဆုံးဖြတ်စွက်ဖက်မှုများကို လိုအပ်သော နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၄ရက်စွဲဖြင့် ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာသည်။

7Day Daily

No comments:

Post a Comment