Tuesday, January 6, 2015

အမျိုးသားလွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးခြင်း အခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်ဆဲ


အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကျင့်သုံးခြင်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ အခြေခံဥပဒေခုံရုံးက စစ်ဆေးဆဲအဆင့်သာရှိသေးကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲတွင် ပီအာရ်စနစ် ကျင့်သုံးခြင်းသည် အခြေခံဥပဒေ နှင့် ညီ၊ မညီဆုံးဖြတ်ပေးရန် ခုံရုံး သို့ အမျိုးသားဒီိမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီ များမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ၂၆ ဦးက လက်မှတ် ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်ခုံရုံးသို့ ဒီဇင်ဘာလဆန်း ကပင် ပေးပို့ထားခြင်းဖြစ်သည်။

‘‘အဲဒါကို အခုမှ စစ်ဆေး နေတုန်းပါ။ မပြီးသေးပါဘူး’’ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တာဝန်ရှိသူတစ်ဦးက 7 Day Daily အား ဖြေကြားခဲ့ခြင်းဖြစ် သည်။
ယခုဇန်န၀ါရီ ၁၉ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အ ကောင်အထည်ဖော်နိုင်ရေးကော် မရှင်၏ အစီရင်ခံစာနှင့်အတူ အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်ကိုပါ လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သဖြင့် မည်သည့် ရွေးကောက်ပွဲ စနစ်ကျင့်သုံး မည်ကို အဆိုပါအချိန်မှပင်သိနိုင်တော့ မည်ဟု လွှတ်တော်ကိုယ်စားလှယ် များကဆိုသည်။
သို့သော်အမျိုးသားလွှတ် တော်၌ အချိုးကျကိုယ်စားပြု ရွေး ကောက်ပွဲစနစ်ကျင့်သုံးရန် ယေ ဘုယျဆုံးဖြတ်ထားသော်လည်း ပြည်သူများ၏ သဘောထားနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောတူညီမှုပါ ရယူရန် လိုအပ်သည်ဟု အမျိုး သားလွှတ်တော်အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ် အ ကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့် ဖေကပြောကြားထားသည်။
ပြည်သူ့လွှတ်တော်ဘက် တွင်လည်း လက်ရှိရွေးကောက်ပွဲ စနစ်ဖြစ်သော မဲများသူအနိုင်ယူ စနစ် အပါအ၀င် ရွေးကောက်ပွဲ စနစ် ရှစ်မျိုးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ၊ မညီသိရှိနိုင်ရေး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့ခဲ့ရာ လက်ရှိရွေးကောက်ပွဲစနစ်မှလွဲ၍ ကျန်စနစ်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်းယင်း ခုံရုံးကအကြောင်းပြန်ထားသည်။ ၂၀၁၄ ဇွန်လအတွင်းကပင် အမျိုးသား လွှတ်တော်တွင် ပီအာရ်စနစ်ကို ကျင့်သုံးနိုင်ရန် ယင်းလွှတ်တော်က ဆုံးဖြတ် ထားပြီးဖြစ်သော်လည်း အမျိုးသား လွှတ်တော်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက ယင်းစနစ်သည် မြန်မာနိုင်ငံ၌ ကျင့်သုံးရန် သင့်လျော်မှုမရှိ သေးကြောင်း ထောက်ပြခဲ့ပြီး ပီအာရ်စနစ်ကို မထောက်ခံခဲ့ပေ။
ပီအာရ်စနစ်ကို ကန့်ကွက်ဆန္ဒပြသူများ (ဓာတ်ပုံ - ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment