Tuesday, January 6, 2015

ကချင်ပြည်နယ်တွင် တရားမဝင် သစ်ခိုးထုတ်နေသော နိုင်ငံခြားသား တစ်ရာကျော် ဖမ်းဆီးရမိ

ကချင်ပြည်နယ်တွင် တပ်မတော်လေမှ လေကြောင်း ကင်းထောက်မှုများအရ တရားမဝင် သစ်ခိုးထုတ်နေသော တစ်ဖက်နိုင်ငံသား ၁၀၂ ဦးကို လေကြောင်း ကင်းထောက်မှုအရ တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေ ရှင်းလင်းဆောင်ရွက် ဖမ်းဆီးမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖမ်းဆည်းရမိသော တစ်ဖက်နိုင်ငံသားများထံမှ ကေအိုင်အေ (ကချင်) အဖွဲ့၊ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချုပ်အဆင့်ရှိ ဇောဘုတ်ထန်း လက်မှတ် ရေးထိုးခွင့်ပြုထားသော သစ်ထုတ်လုပ်ခွင့် ပြုထားသည့် စာကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်းအပြည်အစုံကို မနက်ဖြန် ဇန်နဝါရီ ၆ ရက်နေ့ထုတ် The Voice သတင်းစာတွင် အပြည်အစုံ ဖော်ပြပေးထားပါကြောင်း လေးစားစွာ အသိပေးပါသည်။

The Voice Weekly

No comments:

Post a Comment