Tuesday, January 6, 2015

ဝိုင်းမော်တွင် သစ်ခိုးထုတ်နေသည့် နိုင်ငံခြားသား တစ်ရာကျော်နှင့် အပေါင်းအပါများ ဖမ်းမိ

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ ခြားသား ၁၀၀ ကျော်အပါအ၀င် သစ်ခိုးထုတ်နေသူများ၊ ရာနှင့်ချီ သော သစ်တင်ယာဉ်များအား တပ်မတော် စစ်ကြောင်းက ဇန်န၀ါ ရီ ၂ ရက်မှ ၄ ရက်အတွင်း ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း တပ်မတော် ကျောထောက်နောက်ခံပေးထားသည့် မြ၀တီ သတင်းဌာနမှ တစ်ဆင့်ဇန်န၀ါရီ ၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်၊ ၀ိုင်းမော် မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီ ကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသအတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆင်ရေး အတွင်း သစ်တင်ယာဉ် ၄၃၆ စီး(သစ်ပါရှိသည့်ယာဉ် ၁၄ စီး)အပါအ၀င် သစ်ထုတ်ရာတွင် အသုံးပြုသည့်ယာဉ် ၄၅၅ စီး၊ နိုင်ငံခြားသား ၁၀၂ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းဆီး ထိန်းသိမ်း လိုက်ခြင်းဖြစ်ကြောင်း မြ၀တီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါးများလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

ထိန်းသိမ်းခံလိုက်ရသည့် နိုင်ငံခြားသား ၁၀၂ ဦးနှင့် ပတ် သက်ပြီး မည်သည့်နိုင်ငံသားမှန်း ရှင်းရှင်း လင်းလင်း ဖော်ပြမထား ဘဲ တစ်ဖက်နိုင်ငံသားဟုသာဖော် ပြထားသည်။ ဒေသခံအရင်းအ မြစ်များ၏ အဆိုအရ ဖမ်းဆီးခံရ သူများသည် တရုတ်နိုင်ငံသားများ ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိ သည်။

အဆိုပါ သစ်ခိုးထုတ်နေ သည့် စခန်းများကို လေကြောင်း ကင်းထောက်မှုအရ သိရှိခြင်းဖြစ် ပြီး နယ်မြေရှင်းလင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆည်းရမိသော တစ် ဖက်နိုင်ငံသားများထံမှ ကေအိုင် အေ(ကချင်) အဖွဲ့၊ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိ ဇောဘုတ်ထန်းလက်မှတ်ရေးထိုး ခွင့်ပြုထားသော သစ်ထုတ်လုပ် ခွင့်ပြုထားသည့် စာအား သိမ်း ဆည်းရမိခဲ့ကြောင်းလည်း မြ၀တီ ကသတင်းထုတ်ထားသည်။

7Day Daily

No comments:

Post a Comment