Tuesday, January 6, 2015

လက်ပံတောင်းစီမံကိန်းပျက်သုဉ်းရေး လူတစ်စုက စနစ်တကျ ဆောင်ရွက်နေကြောင်း အစိုးရသတင်းထုတ်ပြန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေသော လူနည်းစုက ပြင်ပအဖွဲ့အစည်းများအကူ အညီဖြင့် လှုံ့ဆော်မှုများစနစ်တ ကျပြုလုပ်နေသောကြောင့် အမြဲ တစေပြဿနာတစ်ခုမဟုတ် တစ် ခုဖြစ်အောင် ဖန်တီးနှောင့်ယှက် နေကြောင်း လက်ပံတောင်း တောင်ကြေးနီစီမံကိန်း စုံစမ်းစစ် ဆေးရေးအစီရင်ခံစာအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက် နေသည့် ကော်မတီက ဇန်န၀ါရီ ၅ ရက်တွင် ထုတ်ပြန်သည်။



လက်ပံတောင်းတောင်စီမံ ကိန်းဒေသမြေသိမ်းခံတောင်သူ များနစ်နာမှုမရှိစေရန် မြေယာ လျော်ကြေးနှင့် ထောက်ပံ့ကြေး ငွေ ကျပ်သိန်းပေါင်း ၁၀၇,၉၆၆ ဒသမ ၉၂ ထုတ်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စီမံကိန်းတည်ဆောက်ရေး ကာလတွင် CSR ရန်ပုံငွေအဖြစ် ၂ နှစ်တာကာလအတွင်း ဒေါ်လာနှစ်သန်းခွဲနီးပါးနှင့် ပြည်ထောင်စု ရန်ပုံငွေမှ ကျပ်သန်းပေါင်း ငါးရာခန့် အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ကြောင်း ကော်မတီက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ် ပြီး နိုင်ငံတော်၊ ဒေသခံ၊ အနာဂတ်မျိုးဆက်များ အကျိုးစီးပွားဖြစ် ထွန်းပြီး စီမံကိန်းအောင်မြင် အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ အတွက် ယုံကြည်မှုတိုးတက်စေနိုင်သည့် စံပြစီမံကိန်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ပြော ကြားထားသည်။

စီမံကိန်းအကောင်အထည် ဖော်နေမှုများအပေါ် အဖျက် သဘောဖြင့် သွေးခွဲလှုံ့ဆော်ခြင်း များကြောင်း မလိုလားအပ်သည့် ဖြစ်ရပ်များမဖြစ်ပွားစေရန် ဖွံ့ဖြိုး တိုးတက်မှုကိုလိုလားသည့် ပြည် သူများက အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ ကြောင်း သတင်းထုတ်ပြန်သည်။

ထို့အပြင်ဒေသခံတစ်ဦး သေဆုံး၍ ရဲတပ်ဖွဲ့များအပါအ၀င် ၂၀ ဦးဒဏ်ရာရရှိခဲ့သော ဖြစ်စဉ် များကိုလည်း သက်ဆိုင်ရာက စုံ စမ်းစစ်ဆေးနေကြောင်း ကော်မ တီကထုတ်ပြန်သည်။

‘‘ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ လုပ်တယ်ဆိုတာလည်း မဟုတ်ဘူး။ သူတို့ကာကွယ်တဲ့ အနေနဲ့ သတင်းထုတ်တာပါ။ တောင်သူတစ်ဦးချင်းစီကိုင် မြေ လျော်ကြေးပေးတာလည်း မ ဟုတ်ပါဘူး။ မတရားလုပ်တာကို မခံနိုင်ကြလို့ ခြံစည်းရိုးကာတာ ကို တားဆီးတာပါ။ သွေးထိုးလှုံ့ ဆော်မှုကြောင့်ဆိုတာ လုံးဝ မဟုတ်ပါဘူး’’ဟု ၀က်မှေးရွာဟောင်း ဒေသခံတစ်ဦးကပြောသည်။

လက်ပံတောင်း စီမံကိန်း တွင် မြေယာလျော်ကြေးကို ၆၀ ရာခိုင်နှုန်းရယူထားပြီး ၃၀ ရာခိုင် နှုန်းခန့်မှာ ရယူခြင်း မရှိသေး ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ က ပြောကြားထားသည်။

‘‘၀က်မှေးရွာဟောင်း၊ တုံ ဆည်တည်း၊ မိုးကြိုးပြင်ရွာတွေမှာ လျော်ကြေးလုံးဝမယူသူအများ ကြီးပဲ။ သွေးထိုးမှုကြောင့် မဟုတ် ဘူး’’ဟု လက်ပံတောင်းတောင်ဒေသခံတစ်ဦးက ဆိုသည်


7Day Daily

No comments:

Post a Comment