Monday, January 19, 2015

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဘင်္ဂါလီအရေးဆွေးနွေးမည်


ရခိုင်ပြည်နယ်သို့ရောက် ရှိနေသော အမေရိကန်လက် ထောက်နိုင်ငံခြားရေး ၀န်ကြီး Ms. Anne C.Richardသည် ဘင်္ဂလား ဒေ့ရှ်အစိုးရနှင့် ဆက်လက်တွေ့ ဆုံ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်များ အရေး ဆွေးနွေး သွား မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

အမေရိကန်လူဝင်မှု၊ ဒုက္ခ သည်နှင့် ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Richard သည် ရခိုင် ပြည်နယ် ခရီးစဉ်အတွင်းစစ်တွေ ဘူးသီးတောင်၊ မောင်တောမြို့ များ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရခိုင်နှင့် ဘင်္ဂါလီရပ်မိရပ်ဖများ နှင့် သီးခြားစီတွေ့ဆုံရာတွင် Ms. Richardက ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်၍ မွတ်စလင်ဒုက္ခ သည်များအရေး ဆွေးနွေးသွား မည်ဟု ပြောကြားခဲ့သည်။

‘‘ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ပြော တယ်။ မြန်မာနိုင်ငံက သူတို့(ဘင်္ဂါ လီ)ကို တရားမ၀င်ဝင်ရောက်လာ သူတွဖြစ်လို့ လက်မခံနိုင်ဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကကောဘယ်လိုသဘောထားရှိလဲ ဆွေး နွေးဖို့လို့ပြော ပါတယ်’’ဟု Ms.Richardနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သော မြို့မိမြို့ဖ ဦးထွန်းအောင် သိန်းကဆိုသည်။

တွေ့ဆုံရာတွင် ဘူးသီး တောင်ဒေသ၌ ရခိုင်၊မြို၊ သက်၊ခမီ၊ ဒိုင်းနက်နှင့် ဗမာတို့နေထိုင် ပြီး လူနည်းစုသာဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် နှစ်ပေါင်း လေးထောင်ကျော်ကပင် သမိုင်း နှင့်နေလာခဲ့သူများဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် ပြဿနာများသည် တစ်ဖက်မှဝင်လာသူများ၏ နယ် မြေလုယူသည့် ပဋိပက္ခသာဖြစ် ကြောင်း၊ သို့ရာတွင် ပြဿနာမ ဖြစ်ခဲ့ခြင်းမှာ နယ်မြေခံလုံခြုံရေး အဖွဲ့၏ သတိရှိမှုကြောင့်ဖြစ် ကြောင်း၊ နှစ်ဖက်ထိခိုက်မှုမရှိ သော်လည်း တိုင်းရင်းသားများ မကြာခဏသတ်ဖြတ်ခံရခြင်း၊ အဓမ္မကျင့် ခံရခြင်းတို့ ရှိနေ ကြောင်း၊ ယနေ့ထိ နေ့စဉ်စားဝတ် နေမှု လုပ်ကိုင် စားသောက် ရန်ပင် အခက်ခဲဖြစ်ရသည့်အခြေအနေရှိ ကြောင်း၊ ၀န်ထမ်းများလည်းတာ ၀န်ထမ်းဆောင်ရာတွင် သွားလာ ရေးအခက်အခဲရှိကြောင်း၊ မည် သည့်အချိန်၊ မည်သည့်နေရာတွင် အကြမ်းဖက်ခံရမည်လဲဟု စိုးရိမ် စိတ်ရှိနေကြရပါကြောင်းဆွေး နွေးခဲ့သည်။

Ms. Richardမှ ဌာန ဆိုင်ရာများနှင့်တွေ့ဆုံစဉ်ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက် ထားသည့် ကိစ္စရပ်များ၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်း အခြေ အနေများ၊ လက်ထပ်ခွင့်၊ ခရီးသွားလာခွင့် နှင့်ပတ်သက်၍ မေးမြန်းခဲ့ ကြောင်းတွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သူ ခရိုင်လ၀ကဦးစီးမှူးဦးစောနိုင်(ဒုတိယညွှန်ကြား ရေးမှူး)ကပြောကြားသည်။

‘‘မောင်တောခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နေ့ လယ် ၂နာရီကနေ ၃နာရီလောက် ထိ တွေ့ပါတယ်။ သူကတော့ နိုင် ငံသား စိစစ်မှု လုပ်ငန်းနဲ့ပတ်သက် ပြီး မေးပါတယ်။ နိုင်ငံသားစိစစ်မှု လုပ်ငန်းကို စတင်နေပြီး လျှောက် လွှာတွေ လက်ခံနေတဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ လက် ထပ်ခွင့်ကို ကန့်သတ်ထားတာရှိ၊ မရှိမေးပါတယ်။ လက်ထပ်ခွင့်ကို ကန့်သတ်ထားတာမရှိပါဘူး။ ခရီး သွားလာခွင့်ကတော့ နိုင်ငံသားစိ စစ်မှုကိစ္စပြီးရင် အလိုလိုအဆင် ပြသွားမယ့်အကြောင်းပြောခဲ့ပါ တယ်’’ဟု ဦးစောနိုင်ကပြောပြ သည်။

Ms. Richard သည် မောင် တောမြို့တွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့သို့ သွားရောက် ကာ မွတ်စလင် ဒုက္ခသည်များအ ရေးဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုး တစ်သန်းကျော်ရှိပြီး အများ စုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရား မ၀င်ဝင်ရောက်လာသူများဖြစ် ကြောင်း ရခိုင်အမျိုးသားအင်အား စုများက အစဉ်တစိုက်ထောက်ပြ ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအဆက်ဆက်က ရခိုင်ပြည် နယ်ရှိ မွတ်စလင်လူမျိုးများ မှာ၎င်း တို့ နိုင်ငံသားများမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော UNHCRအစီရင် ခံစာတွင် ရခိုင်ပြည်နယ်၌နိုင်ငံမဲ့ လူဦးရေ တစ်သန်းနီးပါးရှိကြောင်းဖော်ပြထားသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူ မျိုးများကို ၁၉၈၂နိုင်ငံသားဥပဒေ အရ စိစစ်၍ နိုင်ငံသားဖြစ်ခွင့်၊ ပြု ခွင့်များသတ်မှတ်ပေးရန်ဆောင် ရွက်နေသော်လည်း ဘင်္ဂါလီအ များစုကမူ ၎င်းတို့သည် ရိုဟင်ဂျာ ဟုပြောဆို၍ ငြင်းဆန်လျက်ရှိ သည်။

7Day Daily

No comments:

Post a Comment