Monday, January 19, 2015

တရုတ်သာမက မည်သည့်နိုင်ငံသားကိုမဆို ပြစ်မှုကျူးလွန်ကြောင်း ခိုင်မာလျှင် အစိုးရ သတင်းစာ၌ နိုင်ငံအမည်ဖော်ပြနေဟုဆို


နိုင်ငံပိုင်သတင်းစာများ တွင် နိုင်ငံခြားသားများ ပြစ်မှုကျူး လွန်သည့် သတင်းများ ဖော်ပြရာ ၌ပြစ်မှုကျူးလွန်ကြောင်း အထောက် အထားခိုင်လုံပါက တရုတ်နိုင်ငံသာမက မည်သည့် နိုင်ငံခြားသားကိုမဆို ၎င်းတို့၏နိုင်ငံအမည်နှင့် တွဲ၍ ထည့်သွင်း ရေးသားဖော်ပြကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည်ရက်ပိုင်းက ကချင်ပြည်နယ်တွင် သစ်ခိုးဂိုဏ်းတစ်ခု ကို ဖမ်းဆီးရမိရာ မြန်မာနိုင်ငံသား များနှင့်အတူ တရုတ်နိုင်ငံသား ၁၀၂ ဦးဖမ်းဆီးရမိသည့် သတင်း ကို နိုင်ငံပိုင်သတင်းစာများက ဖော်ပြရာ၌ တစ်ဖက်နိုင်ငံသားဟုသာ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခြင်းဖြစ်သည်။


တရုတ်နိုင်ငံဟု မဖော်ပြသ ဖြင့် ဝေဖန်မှုများ ထွက်ပေါ်ပြီး နောက် ဇန်န၀ါရီ ၁၅ ရက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ် ဗျူဟာ (၂)မှ သစ်ခိုးဂိုဏ်းထပ်မံ ဖမ်းဆီးရမိမှုသတင်းကို ဖော်ပြရာ တရုတ်နိုင်ငံမှ အမျိုးသား ၂၉ ဦး နှင့် အမျိုးသမီး ငါးဦးဟု သတင်း ရေးသားဖော်ပြခဲ့သည်။ ပုဂ္ဂလိက သတင်းစာ အများစုကမူ တစ် ဖက်နိုင်ငံသားဟု သုံးနှုန်းရေး သားမှုနှင့်အတူ ဒေသခံများကို ကိုးကား၍ တရုတ်နိုင်ငံသားများဖြစ် ကြောင်း သတင်းတွင် ထည့်သွင်း ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

‘‘ပထမရက်က သစ်ခိုးဂိုဏ်း မိတာကို ကကပြည်(ကာကွယ် ရေး)က ပေးတဲ့ သတင်းဖြစ်လို့ သူတို့အသုံးအနှုန်းအတိုင်း ရေး တာ။ အရင်ကလည်း ပြစ်မှုတွေ မှာ အထောက်အထားခိုင်လုံရင် တရုတ်နိုင်ငံသားလို့ရေးပါတယ်။ ဥပမာပြီးခဲ့တဲ့ လားရှိုးလူသတ်မှု ဆိုရင် တရုတ်နိုင်ငံသားလို့ ဖော်ပြ ပါတယ်’’ဟု ပြန်ကြားရေး ၀န်ကြီး ဌာနတာဝန်ရှိသူကပြောသည်။

တရုတ်နိုင်ငံသား ၁၀၂ ဦး ဟု မဖော်ပြသည့်အတွက် နိုင်ငံ ပိုင်သတင်းစာများကို ဝေဖန်နေ ချိန်တွင် ဇန်န၀ါရီ ၆ ရက်က တည်းက ဖမ်းဆီးရမိထားသည့် တရားမ၀င် သစ်များနှင့်အတူ တရုတ်အမျိုးသမီး ငါးဦးအနက် တရုတ်နိုင်ငံ၊ ကူးရုံးမြို့နေ တရုတ်အမျိုးသမီး မချိန်ငွေချမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀ ပြား၊ ဘိန်းမည်း၊ခတ်ပုံ၊ မူးယစ်ဆေးဝါးရောင်းချငွေ၊ တရုတ်ပတ်စ်ပို့ စာအုပ်တို့ ဖမ်းဆီးရမိသည်ဟု မြန်မာ့အလင်းသတင်းစာက ဇန်န၀ါရီ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

‘‘အများပြည်သူဝန်ဆောင်မှု သတင်းမီဒီယာကို သွားနေတယ် ဆိုရင် အစိုးရသတင်းစာ၊ ပုဂ္ဂလိ ကသတင်းစာဆိုပြီး ခွဲပြောနေစ ရာမလိုအောင် အစိုးရသတင်းစာ အနေနဲ့လည်း ထုတ်ပြန်ချက်ပဲ မရေးဘဲ ဒေသခံအသံတွေမေး ပြီး သတင်းကိုမျှတအောင် ရေးရမှာ ပေါ့။ လက်ရှိအချိန်ထိတော့ အစိုးရ သတင်းစာက ၀ါဒဖြန့်တဲ့သတင်း စာအဆင့်ပဲရှိပါသေးတယ်။ မ ပြောင်းလဲ သေးပါဘူး’’ဟု သတင်း စာဆရာ တစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment