Saturday, January 31, 2015

မိုးညှင်းမြို့ ခုတင် ၁၀၀ ဆံ့ ဆေးရုံတိုးချဲ့ဆောင်သစ် ပြန်လည်ပြုပြင်ကာ တရားဝင်အပ်နှံနိုင်ရေးတင်ပြထား

ကချင်ပြည်နယ် မိုးညှင်းမြို့ ခုတင် ၁၀ဝဆံ့ ဆေးရုံမှ တိုးချဲ့ဆောင်သစ်၏ အရည်အသွေးပိုင်း အားနည်း ချက်ဆိုင်ရာအကြံပြုချက် ကိုးချက်ဖြင့် ပြန်လည်ပြုပြင်ကာ တရားဝင်အပ်နှံပေးရန် မိုးညှင်းမြို့နယ် ဆောက် လုပ်ရေး ကြီးကြပ်စစ်ဆေးရေး~ အဖွဲ့က ပြည်နယ်ရှိတာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ဆောက်လုပ်ရေး ကြီးကြပ်စစ်ဆေးရေးအဖွဲ့ဝင်များသည် တိုးချဲ့ဆောင်သစ်ကို တာဝန်ယူ တည်ဆောက်ခဲ့ သည့် ကောင်း ကင်လွင်ဆောက်လုပ်ရေးအဖွဲ့မှ အပ် နှံမှုမရှိခြင်းကို ဇန်နဝါရီ၂၁ရက်တွင် မိုးညှင်းမြို့အုပ်ချုပ်ရေးမှူး ဦးကျော် စွာအောင် က ဦးဆောင်စစ်ဆေးရာမှ ရရှိခဲ့သည့် အကြုံပြုချက်များ ဖြစ် သည်။

''ဆေးရုံက လျှပ်စစ်မီး၊ အိမ် သာ၊ လူနာဆောင်အခန်းများအားလုံး ပြီးနေပေမယ့် ဆေးရုံကို တရားဝင် မအပ်သေးဘူး။ မိုးညှင်းခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ လူနာနှင့် ဆရာဝန်အင်အားမမျှတော့ လူနာ နဲ့ လူနာဆောင် မလုံလောက်တာ ကြောင့် သက်ဆိုင်ရာက တိုးချဲ့ဆောင် သစ် ဆောက်လုပ်ပေးခဲ့ပေမယ့် အ သုံးပြုခွင့်မရရှိတော့ ကျန်းမာရေး စောင့်ရှောက်မှုက အလွန်ခက်ခဲနေ တယ်''ဟု မိုးညှင်းခရိုင် ကျန်းမာရေး မှူး ဒေါက်တာ ဒေါ်ဝင်းဝင်းဌေးက ပြောသည်။

တင်ပြခံခဲ့ရသည့် အရည်အ သွေးပိုင်းအား နည်းချက်ဆိုင်ရာ အ ကြံပြုချက် ကိုးချက်မှာ တိုးချဲ့လူနာ ဆောင် ဆောက်လုပ်နေစဉ် ကျွမ်း ကျင်သည့် အင်ဂျင်နီယာကြီးကြပ်မှု မရှိခြင်း၊ အများသုံး အိမ်သာတံခါး များ လိမ်ကောက်နေခြင်း၊ ပိတ်၍မရ ခြင်း၊ အပေါ်ထပ်ရှိ ဗိုလ်ထိုင်ရေ ဆွဲ ခလုတ်များ အသုံးပြုမရခြင်း၊ အိမ်သာ ရေပိုက်ကို တိုးချဲ့ဆောင်အနောက် ဘက်ရှိ ရေမြောင်း ပိတ်ဆို့တပ်ဆင် ထားခြင်း၊ လူနာအခန်းတံခါးများ၏ မင်းတုန်းများ သည် အသုံးပြု၍မရ ခြင်းများ ပါဝင်သည့်အချက်ကိုးချက် ဖြစ်သည်။

''တိုးချဲ့ဆောင်နဲ့ပတ် သက်တဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ပေးပြီး ရင် ဇန်နဝါရီ လ အတွင်း တာဝန်ရှိသူ များထံ အပ်နှံရေးအတွက် ကြိုးစား ဆောင် ရွက်ပေး သွားပါမယ်''ဟု ကောင်း ကင်လွင်ကုမ္ပဏီ မြစ်ကြီးနား ရုံးမှ ရုံးတာဝန်ခံ မခင်တိုးတိုးက ဖြေကြား သည်။

မိုးညှင်းခရိုင် ပြည်သူ လူထု ကျန်းမာရေး၏လိုအပ်ချက်အရ (၁၆ဝပေ* ၃ဝပေ*၂၄ပေ)ရှိ R.C နှစ်ထပ် ဆောင်ကို ပြည်ထောင်စုရန် ပုံငွေကျပ် သိန်း ၁၃၆ဝဖြင့် ကျန်းမာ ရေးဌာနမှခွင့်ပြုပေးခဲ့ပြီး ကောင်းကင် လွင်ကုမ္ပဏီမှ ၂၀၁၄ခုနှစ် ဇန်န ဝါရီ ၇ ရက်၌စတင်ကာ စက်တင်ဘာ လတွင် အပြီးသတ်ခဲ့သော်လည်း ဆေးရုံဆောက်လုပ်ကြီးကြပ်ရေး ကော်မတီနှင့် အရည်အသွေးစစ်ဆေး ရေးကော်မ တီထံ စစ်ဆေးခံခြင်း၊ တရားဝင်အပ်နှံခြင်း မရှိသေးကြောင်း ကိုလည်း သိရသည်။

TT(M.M.K)
‎Democracytoday‬

No comments:

Post a Comment