Wednesday, January 21, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ

Photo: ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ 

Wednesday, January 21, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသက် ၂၀ အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း သတင်းရရှိ

      googleplus  
ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် (KBC) ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး သတင်းကို တွေ့ရစဉ်

ကချင်ပြည်နယ်အစပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာတွင် အသက် ၂ဝ နှင့် ၂၁ နှစ်အရွယ် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦးသည် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) မှ စေလွှတ်ထားသူနှစ်ဦးဖြစ်ပြီး ယင်းသို့ သတ်ဖြတ်ခံခဲ့ရခြင်းကို KBC က အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ KBC အဖွဲ့ချုပ်က လွှတ်လိုက်တဲ့ ကျောင်းဆရာမတွေပါ။ ဖြစ်စဉ်ကြားကြားချင်းပဲ ကျွန်တော်တို့ လိုက်သွားပါတယ်။ ဒီကိုရောက်ပြီး မေးကြည့်တဲ့အခါ မနေ့ည ၁၂ နာရီခွဲနဲ့ တစ်နာရီကြားမှာ ဖြစ်သွားတဲ့ အမှုအခင်းလို့ ယူဆပါတယ်။ ဘုရားကျောင်းဝင်းထဲမှာ သူတို့နှစ်ယောက်ပဲ နေတယ်။ မနက်ပိုင်းမှာ သူတို့ကို တွေ့ရတဲ့အခါ တစ်ကိုယ်လုံး ဓားဒဏ်ရာတွေနဲ့ ခေါင်းတွေမှာလည်း အရိုက်ခံထားရတယ်။ တစ်ကိုယ်လုံးလည်း အဝတ်ဗလာ ဖြစ်နေတယ်” ဟု KBC ၏ မိုးမောက်ဇုန် အတွင်းရေးမှူး ဦးဇော်ရာက ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

အိမ်ခြေ ၂၅ အိမ်ခန့်သာရှိသော ကောင်းခါးရွာသည် နမ့်တောင်းကျေးရွာနှင့် ၁ဝ မိုင်ခန့် အကွာတွင်ရှိပြီး ဖြစ်စဉ်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁)၊ ခမရ (၅ဝ၃) တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု The Daily Eleven က ဆက်သွယ်ရရှိသော ဒေသခံ သတင်းရင်းမြစ်များက ပြောကြားသည်။

“ဒေသခံတွေ ပြောတာကတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ အခြားတပ်ရင်းတွေလည်း ဝင်ထွက်သွားလာနေတာတွေ ရှိတယ်။ ဒါပေမဲ့ ဘာပြဿနာမှ မရှိဘူး။ အခုရောက်နေတဲ့ စစ်ကြောင်းရှိနေတဲ့ အချိန်မှ၊ မနေ့ညကမှ အဲဒီပြဿနာ ပေါ်လာတယ်လို့ ပြောပါတယ်” ဟု ဦးဇော်ရာကလည်း ဆိုသည်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်၌ တာဝန်ထမ်းဆောင်နေသော တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဖြစ်စဉ်ဖြစ်ပွားခြင်းကို အတည်ပြုပြီး ဖြစ်စဉ်အတွက် စုံစမ်းနေကြောင်း သိရသည်။

    အိမ်ခြေ ၂၅ အိမ်ခန့်သာရှိသော ကောင်းခါးရွာသည် နမ့်တောင်းကျေးရွာနှင့် ၁ဝ မိုင်ခန့် အကွာတွင်ရှိပြီး ဖြစ်စဉ်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁)၊ ခမရ (၅ဝ၃) တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု . . . . .

“အခုချိန်အထိ တိတိကျကျ မသိရသေးဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမှ စစ်ဆေးနေတဲ့ အနေအထားပဲ ရှိတယ်။ တိုက်ဆိုင်မှုပေါ့။ စစ်တပ်က အဲဒီနားကို ရောက်နေတဲ့အချိန် ဖြစ်တဲ့ အခါကျတော့ တပ်ကဆိုတဲ့ ပုံစံမျိုးနဲ့ ရေးနေကြတာတွေ ရှိတယ်။ ဘယ်သူမှတော့ တိတိကျကျ မပြောနိုင်သေးဘူး။ အခုမှ စစ်ဆေးနေတဲ့ အဆင့်ပဲ ရှိသေးတယ်” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိက The Daily Eleven ကို ပြောကြားသည်။

တပ်မတော်စစ်ကြောင်း ရောက်ရှိချိန်၌ အခင်းဖြစ်ပွားခဲ့သည်ကို အဆင့်မြင့် အရာရှိက ပြောကြားသော်လည်း မည်သည့်စစ်ကြောင်း ရောက်ရှိနေသည် ဆိုခြင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမျှတမှု အမြန်ဆုံး ပေါ်ထွက်ရန် KBC ဘက်က တောင်းဆိုထားကာ အမှုကို မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ အရပ်ဘက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းစုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

“မနက်ဖြန် သို့မဟုတ် သန်ဘက်ခါလောက် ဆိုရင်တော့ ဒီဟာနဲ့ နီးစပ်တဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပါ။ ဒါကိုလည်း ထုတ်ပြန်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိက ဆိုသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်သာသနာပြု လုပ်အားပေးဆရာမ နှစ်ဦးအနက် တစ်ဦးသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ လာရောက် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ ကချင်ပြည်နယ် အတွင်းရှိ ဂျာမိုင်ကောင်း စစ်ဘေးသင့် ဒုက္ခသည်စခန်းမှ လာရောက် တာဝန်ထမ်းဆောင်သူ ဖြစ်သည်။

မြစ်ကြီးနားမြို့ အခြေစိုက် KBC ဌာနချုပ်မှ အတွင်းရေးမှူး ဒေါက်တာအလမ်ဆမ်ဆွမ် ဦးဆောင်သော အဖွဲ့သည် ကောင်းခါးရွာသို့ သွားရောက်လျက် ရှိနေပြီး ထိုအဖွဲ့ ရောက်ရှိပြီးမှသာ ကျန်ရှိသည်များကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး သတ်ဖြတ်ခံခဲ့သူ နှစ်ဦးကို ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းက ရင်ခွဲစစ်ဆေးမှု ပြုလုပ်နေပါသည်။

အခင်းဖြစ်ပွားရာ ကောင်းခါးကျေးရွာသည် တပ်မတော်စစ်ကြောင်းများ မကြာခဏ ဖြတ်သန်းသွားလေ့ရှိသော နေရာတစ်ခုဖြစ်ပြီး တိုက်ပွဲကာလများအတွင်း ကချင်အမျိုးသမီးများ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် သတင်းများ ရှိခဲ့သော်လည်း ကောင်းခါးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယခု ပထမဆုံး ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

အခင်းဖြစ်ပွားရာ ကောင်းခါးကျေးရွာသည် တပ်မတော်စစ်ကြောင်းများ မကြာခဏ ဖြတ်သန်းသွားလေ့ ရှိသော နေရာတစ်ခုဖြစ်ပြီး တိုက်ပွဲကာလများအတွင်း ကချင်အမျိုးသမီးများ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် သတင်းများ ရှိခဲ့သော်လည်း ကောင်းခါးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယခု ပထမဆုံး ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment