ဖမ်းဆီးထိန်းသိမ်းထားသော ရဲတပ်ဖွဲ့ဝင်သုံးဦးအား ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ထံ ကေအိုင်အေက ဇန်န၀ါရီ ၁၉ ရက် ညနေတွင် လွှဲပြောင်းပေးလိုက်ပြီး လက်နက်များကိုမူ ဆက်လက် သိမ်းဆည်းထားကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၁၄ရက်က ဖမ်းဆီးခြင်းခံခဲ့ရသော ရဲအရာရှိတစ်ဦး နှင့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ ငါးရက်အကြာတွင် လွတ်မြောက်လာခြင်း ဖြစ်သည်။
ဇန်န၀ါရီ ၁၉ရက် ညနေ ၄ နာရီက ဂျာရာယန်စခန်းတွင်ကေ အိုင်အေတပ်ရင်း(၆)က PCG အဖွဲ့ထံ ယင်းရဲတပ်ဖွဲ့ဝင်သုံးဦးကို လက်နက်မှအပါ ပစ္စည်းအားလုံးနှင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ြေ ကာင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။
ညနေ ၆ နာရီကျော်တွင် ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူများထံ စာရွက်စာတမ်းနှင့်တကွ လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။
‘‘အခုလေးတင် PCGအဖွဲ့က မြို့နယ်မှူး၊ အုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပြီးပါတယ်’’ ဟု ဖားကန့် မြို့မရဲစခန်းမှူးက ည ၇ နာရီခန့်က ပြောသည်။
လက်နက်များကို ဆက်လက် သိမ်းဆည်းထားခြင်းမှာ တပ်ပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြော င်း PCG အဖွဲ့ကဆိုသည်။
‘‘ဒါက တပ်ပိုင်းဆိုင်ရာဆိုတော့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့  အချင်းချင်း ဆက်သွယ်ဆောင်ရွက်သွားဖို့ပါ’’ဟု ဦးလမိုင်ဂွန်ဂျာကဆက်လက်ပြောသည် ။
ဇန်န၀ါရီ ၁၉ ရက်က ဖားကန့်ဒေသတွင် တိုက်ပွဲကြီးများ ငြိမ်သက်နေသော်လည်း ကြိုးကြားကြိုးကြား ထိတွေ့မှုများဖြစ်ပွားနေဆဲဖြစ်ြေ ကာင်း ကေအိုင်အေတပ်ရင်း(၆)မှ အဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။
ဇန်န၀ါရီ ၁၉ ရက် ထိတွေ့မှုများအတွင်း ဆန်ခါကျေးရွာမှ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံ များကပြောသော်လည်း နှစ်ဖက်စလုံးမှ သီးခြားအတည်ပြုချက် မရသေးပေ။
အစိုးရတပ်က သိမ်းယူခဲ့ သော စခန်းလေးခုကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ကေအိုင် အေဘက်က ပြောကြားခဲ့မှုကို မြန်မာ့တပ်မတော်အဆင့်မြင့်တာဝန် ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။ တပ်မတော်က အခိုင်အမာပြုလုပ်ထားသည့် စခန်းများရှိနေဆဲဖြစ်ပြီး နယ်မြေရှင်းလင်းမှုများအတွင်း ကေအိုင်အေအင်အား အနည်းငယ်ရှိသည့် စခန်းငယ်လေးများကို တပ်မတော်ဘက်က သိမ်းယူခဲ့သော်လည်း တပ်များဆက်လက်စွဲထားခဲ့ခြင်း မပြုလုပ်ခြင်းကြောင့်သာ ယင်းနေရာများကို ကေအိုင်အေက ပြန်လည်နေရာယူခဲ့ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
‘‘လူမရှိတဲ့ စခန်းလေးတွေကို ပြန်ယူသွားတဲ့သဘောပါ’’ဟု ၎င်း ကဆက်လက်ပြောသည်။
ယခုတိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍လည်း မကြာမီ သတင်းအပြည့်အစုံ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း တပ်မတော် မှ သတင်းရရှိသည်။
ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှသတင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အစိုးရဘက်မှ ပိုများပြားနိုင်ကြောင်း ဒေသတွင်းသတင်းရင်း မြစ်များကခန့်မှန်းသည်။
အောင်ဘာလေ၊ ကံဆီးဒေသအတွင်းပိတ်မိနေသော ဒေသခံ တစ်ထောင်ကျော်ကိုလည်း PCG က ဇန်န၀ါရီ ၂၀ရက်တွင် သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
‘‘ဒေသခံတွေရဲ့ ဆန္ဒပါ။ သူတို့ လိုက်ချင်တယ်ဆိုရင်ခေါ်ယူဖို့ ညှိနှိုင်းဆောင်ရွက်မယ်’’ဟု ဦးလမိုင်ဂွန်ဂျာကပြောသည်။
7 Day Daily
No comments:
Post a Comment