Saturday, January 10, 2015

မန္တလေးမြို့တွင် အမှိုက် အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ်ကို ပထမဦးဆုံး ပြောင်းလဲ ကျင့်သုံးရန် စီစဉ်လျက်ရှိ

မန္တလေး မြို့နယ်ခြောက်မြို့နယ်၌ စွန့်ပစ်အမှိုက် မျိုးစုံထွက်ရှိမှု လျော့နည်း စေရန်အတွက် ရည်ရွယ်ကာ အမှိုက်အမျိုးအစား ငါးမျိုးခွဲခြားစွန့်ပစ်သည့်စနစ်ကို ပထမဦးဆုံးစတင်ကျင့်သုံးသွားရန် စီစဉ်လျက် ရှိ ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ထိုသို့အမှိုက်များကိုအမျိုးအစားခွဲခြားကာစွန့်ပစ်ခြင်းအားဖြင့် အစိမ်းရောင် မြို့တော် (Green City) အဖြစ် အကောင်အထည်ဖော်လျက်ရှိသည့် မန္တလေးမြို့တော်သန့်ရှင်းရေး အတွက် အဓိကအကျိုးသက်ရောက် မှုရှိစေနိုင်ပြီး စွန့်ပစ်အမှိုက်များမျွှနခပခူန ပစ္စည်းများပြန်လည်ထုတ်လုပ်ရာတွင်လည်း လွယ်ကူစေမည်ဖြစ် ကြောင်း၊ ပြည်သူလူထုအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် မီးဖိုချောင် ထွက် အမှိုက်၊ စက္ကူအမှိုက်၊ ဖန်ပု လင်း၊ သံသတ္တုပစ္စည်းများနှင့်ပလတ် စတစ်ပစ္စည်းများဟူ၍ ခွဲခြားစွန့် ပစ်တတ်ရန်လိုအပ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မ တီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦး စိုးတင့်အောင်က ပြောသည်။

''အမှိုက်အမျိုးအစားငါးမျိုးခွဲ ခြားပြီး စွန့်ပစ်ပုံနည်းစနစ်နဲ့ပတ်သက်လို့ မြို့ထဲက အခြေခံပညာအထက် တန်းကျောင်းတွေနဲ့အလယ်တန်း ကျောင်းစုစုပေါင်း ၆၄ကျောင်းမှာ စတင်နိုင်ဖို့အတွက် ပညာပေး စည်းရုံး မှုတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ရပ်ကွက်တွေထဲအထိ လှည့်လည်သွားရောက်ပြီး ပညာပေးသရုပ်ပြမှုတွေ လဲလုပ်ဆောင်ထားပြီးဖြစ်တာကြောင့် အခုနှစ်ဆန်း ပိုင်းကနေစတင်ပြီး ကျင့်သုံးသွားနိုင်ဖို့ စီစဉ်လျက် ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မန္တလေးမြို့တွင် အမှီပြုနေထိုင်သည့် လူဦးရေတိုးတက်များပြားလာ သည်နှင့်အမျှ နေ့စဉ်ထွက်ရှိသည့် အမှိုက်မျိုးစုံပမာဏမှာ တိုးတက်လာ ပြီးတန်ချိန် ၇၀ဝမှတန်ချိန် ၈၀ဝကြား ပမာဏကို အမှိုက်သိမ်းယာဉ် ၁၉၀ စီး၊ ညသိမ်းယာဉ် ၇ရစီး၊ သုံးဘီးအ မှိုက်သိမ်းယာဉ်အစီး ၁၈ဝကျော်တို့ ဖြင့် အသုံးပြုကာသိမ်းဆည် ပေးလျက်ရှိသည်။

မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီနယ်နိမိတ်တွင် ပါဝင်သည့် မြို့နယ်ခြောက်မြို့နယ်အတွင်း ရှိ ရပ်ကွက်ပေါင်း ၉၆ရပ်ကွက်ကို အမှိုက်ကင်းစင် စံပြရပ်ကွက်များ အဖြစ်ဖော်ဆောင်ကာ ရပ်ကွက်များ၏ တင်ပြမှုဖြင့် အမှိုက်သိမ်း လုပ်ငန်း၊ မြောင်းဆယ်လုပ်ငန်းများအတွက် လုပ်သား ၁၆ဝကျော်ကို ခန့်အပ်ပေး ထားပြီး နေ့စဉ်အမှိုက်စွန့်ပစ်ချိန် အဖြစ် နံနက် ၅နာရီမှ ၈နာရီ အတွင်းနှင့် ညနေ ၅နာရီမှ ည ၈ နာရီ အတွင်း ကို သတ်မှတ်ပေးထားကာ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်သူ များကိုလည်း ဖမ်းဆီးကာဒဏ်ငွေ တပ်ရိုက် ၍ အရေးယူလျက်ရှိကြောင်း သိရသည်။

KSA
‎Democracytoday‬

No comments:

Post a Comment