Saturday, January 10, 2015

Air Asia ပျက်ကျ လေယာဉ် ၏ အမြီးပိုင်းအား ပင်လယ်ကြမ်းပြင်မှ ဆယ်ယူ



ဒီဇင်ဘာလ ၂၇ နေ့တွင် Java ပင်လယ် အတွင်းသို့ ပျက်ကျခဲ့သော AirAsia လေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်၏ အမြီးပိုင်းအား စနေနေ့ (ယနေ့)၁၀-၀၁-၂၀၁၅ တွင် ပင်လယ်အတွင်းမှ ဆယ်ယူ နိုင်ခဲ့ကြောင်း ကို AFP သတင်းဌာန မှပြောကြားခဲ့သည်။

လေယာဉ်၏အမြီးပိုင်းအားဆယ်ယူရာတွင် လေပူဖေါင်း ကြီးများဖြင့် ဆယ်ယူခဲ့ ခြင်းဖြစ်ပြီး ယခုဆယ်ယူ သော အစိတ်အပိုင်းသည် ပျက်ကျ လေယာဉ် ရှာဖွေရာ တွင် တွေ့ရှိခဲ့သော အစိတ်အပိုင်းများထဲတွင် အကြီးဆုံး အစိတ် အပိုင်းဖြစ်သည် ဟု အင်ဒိုနီရှားအာဏာပိုင်များ မှ ပြောကြားခဲ့သည်။

Ref - AFP
YMG
Democracytoday

No comments:

Post a Comment