Monday, January 26, 2015

မဲလိမ်၊ မဲခိုးမှုများကို ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူရန် ကော်မရှင်အဖွဲ့ဝင်များအား ဦးတင်အေးတာဝန်ပေး


ရွေးကောက်ပွဲတွင် မဲ လိမ်၊ မဲခိုး၊ ဘက်လိုက်မှုများရှိပါ က ရွေးချယ်ခံရသည့် ကိုယ်စား လှယ်များ သိက္ခာမဲ့ပြီး အစိုးရနှင့် လွှတ်တော်တို့မှာလည်း ကမ္ဘာ့ အလယ်၌ မျက်နှာငယ်ရမည်ဖြစ်၍ တိုင်းပြည် ဂုဏ်သိက္ခာမကျ စေ ရန် ရွေးကောက်ပွဲမသမာမှု များကို ဥပဒေနှင့်အညီ ပြတ်ပြတ် သားသားဆောင်
ရွက်ရန် တာဝန် ပေးကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ဝန်ကြီးဌာနများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက အထက်ပါအတိုင်း ပြော ကြားခဲ့သည်။
မဲလိမ်၊ မဲခိုး၊ ဘက်လိုက်မှု များရှိနေပါက အရွေးချယ်ခံကိုယ် စားလှယ်များ သိက္ခာမဲ့ပြီး ထို ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း မည့် လွှတ်တော်နှင့်အစိုးရအဖွဲ့ မှာလည်း ကမ္ဘာ့အလယ်မျက်နှာ ငယ်ရမည်ဖြစ်၍ ကော်မရှင်အဖွဲ့ ခွဲအဆင့် ဆင့်က ရွေးကောက်ပွဲ တာဝန်ကို ဥပဒေနှင့်အညီ ပြတ် ပြတ်သားသားဆောင် ရွက်သွားရန် တာဝန်ပေးကြောင်း ၎င်းက ပြောသည်။

ယခုလ ၁၂ ရက်က နေပြည် တော် သမ္မတအိမ်တော်တွင် သမ္မတနှင့် နိုင်ငံရေး အင်အားစု များ၊ တိုင်းရင်းသားရေးရာဝန်ကြီး များ ထိပ်သီးဆွေးနွေးပွဲ၌ပြီးခဲ့ သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်မှု၊ မသမာမှုများကို သင် ပုန်းချေလိုက် စေ လိုကြောင်း ဦးတင်အေးက ပြောကြားခဲ့သည် ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသားပါတီဗဟိုအလုပ် အမှုဆောင် ဦးအေးသာအောင်က ပြောကြား သည်။
‘‘၂၀၁၀ အကြောင်းမေ့လိုက် တော့လို့ပြောတယ်။ ဒါဟာ အဲဒီ တုန်းက မဲလိမ်မှုတွေဖြစ်ခဲ့တာကို ငြင်းလို့မရဘူး’’ဟု ၎င်းက ပြော သည်။
လက်ရှိရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်နေပြီး ရွေးကောက်ပွဲကို အဆင့်ဆင့်ကြီးကြပ်မည့် ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တွင်လည်း တပ်မတော်အရာရှိများက ကွပ်ကဲတာဝန် ယူ ထားခြင်းကြောင့် ရွေးကောက်ပွဲဘက်လိုက်မှု ရှိ၊ မရှိမှာ မေးခွန်းထုတ် စရာဖြစ်နေကြောင်း နိုင်ငံရေး အင်အားစုများက ထောက်ပြကြသည်။
ရွေးကောက်ပွဲတွင် နိုင်ငံ တကာလေ့လာစောင့်ကြည့်ရေး အဖွဲ့များ လိုက်နာရမည့် ကျင့် ဝတ်များကို နိုင်ငံခြားရေးမူဝါဒ မထိခိုက်စေရန် သက်ဆိုင်ရာဝန် ကြီးဌာနနှင့် ညှိနှိုင်းရေးဆွဲပြီး ကော်မရှင်က ထုတ်ပြန်မည်ဖြစ် ကြောင်း ဦးတင်အေးက ပြော သည်။
ထို့အပြင် အစိုးရခွင့်ပြုချက် ဖြင့် ပြည်ပရောက် ဆန္ဒမဲပေးခွင့် ရှိသူ နိုင်ငံသားများ မဲပေးခွင့်မဆုံး ရှုံးစေရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာနသုံးခုဖြင့် ပူး ပေါင်းဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးပါ သော အကူး
အပြောင်းတစ်ခုဟု နိုင်ငံတကာ အသိုက်အဝန်းက ယုံကြည်စောင့်ကြည့်နေသော် လည်း ယခုနှစ်ဆန်းမှစ၍ ဘာသာရေးအကြောင်းပြ နိုင်ငံရေးလှုပ်ရှားမှုများက အကြမ်းဖက်မှုပဋိပက္ခများဆီ ဦးတည်သွားနိုင်ပြီး အ ရေးပေါ်အခြေ
အနေကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမှုများ အချိန်မရွေးဖြစ်ပေါ်နိုင်ကြောင်း နိုင် ငံရေးလေ့လာသူများက သုံးသပ်ပြောကြားမှုများရှိနေသည်။
7Day News Journal

No comments:

Post a Comment