Monday, January 26, 2015

ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဂွါဒီယိုလာ

Photo: ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဂွါဒီယိုလာ

Monday, January 26, 2015

ဘိုင်ယန်မြူးနစ်နည်းပြ ပက်ဂွါဒီယိုလာဟာ အောင်မြင်နေတဲ့ နည်းပြတစ်ဦးပါ။ ဘာစီလိုနာမှာ အောင်မြင်ခဲ့သလို ဘွန်ဒက်စ်လီဂါမှာ လည်း အောင်မြင်နေတဲ့နည်းပြပါ။ သူ့အနေနဲ့ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဆန္ဒတွေ ပြင်းပြနေတာပါ။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက ဘိုင်ယန်မြူးနစ် နည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာဟာ ပထမရာသီမှာပဲ ဘွန်ဒက်စ်လီဂါဖလားနဲ့ဂျာမန်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၄၄ နှစ်သာရှိသေးတဲ့ စပိန်သားဂွါဒီယိုလာဟာ ၂ဝ၁၆ ဇွန်လဆိုရင် လက်ရှိစာချုပ်ကုန်ဆုံး တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ် လီဂါမှာ ၁၁ မှတ်အသာနဲ့ရအောင် ကြိုးစားပေးထားပါတယ်။

သူ့ကို ကျွန်တော်တို့ထပ်မံစာချုပ် နိုင်မယ်လို့ ယုံကြည်ထားပါတယ်လို့လည်း အသင်းဥက္ကဋ္ဌ ရမ်မီနစ်ကဆိုပါတယ်။ ဂွါဒီယိုလာအနေနဲ့လည်း ဘိုင်ယန်မြူးနစ်နဲ့အတူ ထပ်မံစာချုပ်ပြီး အောင်မြင်မှုတွေနဲ့ ဖလားကို နှစ်အတန်ကြာအောင် သိမ်းပိုက်ထား မယ့်အနေ အထားရှိပါတယ်။သူဟာ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိ ဘာစီလိုနာအသင်းနဲ့အတူ လေးနှစ်ကြာနည်းပြလုပ်ခဲ့ပြီး ဖလား ၁၄ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ချန်ပီယံလိဂ်ဖလားနှစ်လုံးအပါအဝင် ဖြစ်ပါတယ်။

ကောင်းမြတ်သူ
စုစည်းသည်

MOI Webportal Myanmar
ဘိုင်ယန်မြူးနစ်နည်းပြ ပက်ဂွါဒီယိုလာဟာ အောင်မြင်နေတဲ့ နည်းပြတစ်ဦးပါ။ ဘာစီလိုနာမှာ အောင်မြင်ခဲ့သလို ဘွန်ဒက်စ်လီဂါမှာ လည်း အောင်မြင်နေတဲ့နည်းပြပါ။ သူ့အနေနဲ့ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဆန္ဒတွေ ပြင်းပြနေတာပါ။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက ဘိုင်ယန်မြူးနစ် နည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာဟာ ပထမရာသီမှာပဲ ဘွန်ဒက်စ်လီဂါဖလားနဲ့ ဂျာမန်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၄၄ နှစ်သာရှိသေးတဲ့ စပိန်သားဂွါဒီယိုလာဟာ ၂ဝ၁၆ ဇွန်လဆိုရင် လက်ရှိစာချုပ်ကုန်ဆုံး တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ် လီဂါမှာ ၁၁ မှတ်အသာနဲ့ရအောင် ကြိုးစားပေးထားပါတယ်။



သူ့ကို ကျွန်တော်တို့ထပ်မံစာချုပ် နိုင်မယ်လို့ ယုံကြည်ထားပါတယ်လို့လည်း အသင်းဥက္ကဋ္ဌ ရမ်မီနစ်ကဆိုပါတယ်။ ဂွါဒီယိုလာအနေနဲ့လည်း ဘိုင်ယန်မြူးနစ်နဲ့အတူ ထပ်မံစာချုပ်ပြီး အောင်မြင်မှုတွေနဲ့ ဖလားကို နှစ်အတန်ကြာအောင် သိမ်းပိုက်ထား မယ့်အနေ အထားရှိပါတယ်။သူဟာ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိ ဘာစီလိုနာအသင်းနဲ့အတူ လေးနှစ်ကြာနည်းပြလုပ်ခဲ့ပြီး ဖလား ၁၄ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ချန်ပီယံလိဂ်ဖလားနှစ်လုံးအပါအဝင် ဖြစ်ပါတယ်။

ကောင်းမြတ်သူ
စုစည်းသည်

MOI Webportal Myanmar

No comments:

Post a Comment