Monday, January 12, 2015

နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ လေးပွင့် ခြောက်ပွင့်ရှောင်ရန်လား အဖြေရှာရန်လား

  နိုင်ငံရေးထိပ်သီးခေါင်း ဆောင်များ၏ တွေ့ဆုံမှုမည်မျှ အောင်မြင်နိုင်မည်ဆိုသည်မှာ ဆွေးနွေးမှုပုံစံနှင့် အချိန်ပေါ်တွင် မူတည်နေကြောင်း ထိပ်သီးဆွေး နွေးပွဲ၌ ပါဝင်ဆွေးနွေးမည့်သူများ က ပြောကြား လိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ဒီမိုကရေစီ  အသွင်ကူးပြောင်းမှု အောင်မြင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ယနေ့ (ဇန်န၀ါရီ ၁၂ ရက်) တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံ ဆွေးနွေး ကြမည်ဖြစ်သည်။



တွေ့ဆုံပွဲသို့ နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ စုစုပေါင်း၄၀ ဦးခန့်တက်ရောက်ကြ၍ တစ်ဦးလျှင် ဆွေးနွေးရန်အချိန် မည်မျှ ရနိုင်မည်လဲ ဆိုသည်မှာ အရေးကြီးသည်။

ဆွေးနွေးပွဲ၌ အဓိက အကြောင်းအရာ သုံးခု ခေါင်းစဉ်ပေးထားသော်လည်း ခေါင်းစဉ်တိုင်းကို ဆွေးနွေးရန် အားလုံးက စိတ် ပါဝင်စားမှုရှိ၊ မရှိပေါ် မူတည်၍ ဆွေးနွေးမှု  အကြောင်းအရာပြောင်း လဲနိုင် သည်ဟု ပါဝင်ဆွေးနွေးမည့်သူများက ဆိုသည်။

သို့သော်  ယခုဆွေးနွေးပွဲတွင် သဘောတူညီချက်တစ်ခုရရှိနိုင် မည်ဟု မျှော်လင့်၍ မရနိုင်ဘဲ တွေ့ဆုံဆွေးနွေးဖြစ်သည့် အနေအထားသာရှိနိုင်ကြောင်း တိုင်းရင်းသားများအပါအ၀င် ဆွေးနွေး ပွဲတွင် ပါဝင်သူများက ကြိုတင်သုံးသပ်သည်။

တစ်ဦးချင်းဆွေးနွေးခွင့် ပေး ၊မပေးနှင့် ဆွေးနွေးမည့်အကြောင်း အရာကို အသေးစိတ်မသိရသေး သဖြင့် ဆွေးနွေးပွဲရလဒ်ကို ကြို တင်မခန့်မှန်းနိုင်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

ဖိတ်စာတွင်   တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲအောင်မြင် စွာပြုလုပ်နိုင်ပြီး  ညင်သာသော အ သွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိသည့် ကြားကာလ၌ နိုင်ငံရေးတည်ငြိမ် မှုရရှိရေး၊ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုများ ဆက်လက်ဖြစ်ထွန်း စေရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံ ရေးဆွေးနွေးပွဲများစတင်ကျင်းပ နိုင်ရေးအတွက် ဆွေးနွေးမည်ဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးကို ၂၀၁၃ ခုနှစ်ကပင် တောင်းဆိုခဲ့ သော်လည်း ယခုထိ အစိုးရက လက်မခံသကဲ့သို့ အာဏာရပါတီက တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုထား သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကိုလည်း အကြောင်းပြန် ကြားခြင်း မရှိဘဲ ယခုတွေ့ဆုံပွဲကို စီစဉ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ယနေ့ဆွေး နွေးပွဲသည် အဆိုပါတွေ့ဆုံမှုများ ကို ရှောင်ရှားလိုသည့်အတွက် ပြု လုပ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးပါ တီအများစုမှ ခေါင်းဆောင်များကသုံးသပ်ကြသည်။

‘‘ဒီတွေ့ဆုံပွဲလုပ်တာက တော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တို့၊ လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင်တို့ကို ရှောင် ချင်လို့လုပ်တာပဲ။ နောက်လူတွေ ထပ်တိုးတယ်။ လူများရင် သဘောတူညီချက်ရဖို့ ခက်တယ်။ ပြောရ ရင် အချိန်ဆွဲထားချင်တဲ့ သဘော ပဲ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

သို့သော် တိုင်းရင်းသားရေး ရာဝန်ကြီးများနှင့် တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်အချို့က မူ သမ္မတ၏ တွေ့ဆုံပွဲကို ကြိုဆို လိုက်ပြီး ‘‘အခုတွေ့ဆုံပွဲကို အပြု သဘောနဲ့ အားလုံးမြင်စေချင် တယ်။ တိုင်းရင်းသားတွေအားလုံး ပါဝင်တဲ့အတွက်လည်း ကျေနပ် စေချင်တယ်’’ဟု ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးနိုထန်ကပ် က ဆိုသည်။

အင်အားကြီးသော တိုင်းရင်း သားများသာမကလူဦးရေနည်း သော လူမျိုးစုများဖြစ်သည့်လားဟူ၊ ပအိုဝ်း၊ အင်း၊ ဓနုစသည့် တိုင်းရင်းသားပါတီများ တက်ခွင့်ရ၍ ၂၀၁၀ နောက်ပိုင်းတွင် တိုင်းရင်းသား ပေါင်းစုံပါဝင်သည့် တွေ့ဆုံပွဲတစ် ခုဖြစ်သည်ဟုလည်း တိုင်းရင်း သားနိုင်ငံရေးပါတီများက ဆိုသည်။တွေ့ဆုံပွဲများတွင် ပါဝင် ဆွေးနွေးသူများပါက ထိရောက်သော ဆွေးနွေးမှုမဖြစ်နိုင်ဘဲ    ရလဒ်မထွက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။တွေ့ဆုံဆွေးနွေးပွဲသည် လူ များရန်မလိုဘဲ အဓိကကျသည့် သူများဆွေးနွေးရန်လို၍ ရွေး ကောက်ပွဲကျင်းပရန် အချိန်နီး ကပ်နေချိန်တွင် ထိပ်သီးခေါင်း ဆောင်များအမြန်တွေ့ဆုံရန် လို အပ်နေကြောင်း ရခိုင်အမျိုးသား ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ပြောသည်။

‘‘အားလုံးပါဝင်ရေးဆိုတာ၊ ခေါင်းစဉ်အောက်မှာရှိတဲ့ အင် အားစုတွေအားလုံးကို ထည့်ဖို့ဆို တာ လူကြားကောင်းပေမယ့် အ လုပ်မဖြစ်ဘူး’’ဟု စာရေးဆရာ ကျော်ဝင်းက သုံးသပ်သည်။

‘‘လူများလို့ ရလဒ်ကောင်းမ ထွက်နိုင်ဘူးဆိုတာ ရှုထောင့်တစ် ခုက ကြည့်ရင်တော့ မှန်မှာပါ။ ဒါ ပေမဲ့ အားလုံးက ၀င်ဆွေးနွေးချင် မှ ဆွေးနွေးမှာပါ။ အကြောင်းအ ရာတွေ အကုန်လုံးကိုလည်း ဆွေး နွေးကြမှာမဟုတ်ဘူး’’ဟု ချင်းတိုး တက်ရေးပါတီ ခေါင်းဆောင် ဦးနိုထန်ကပ်က ဝေဖန်မှုများကို တုံ့ပြန်လိုက်သည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးရေးက ကောင်းတဲ့ကိစ္စ ပါ။ ဘယ်လိုပဲ ဆွေးနွေးဆွေးနွေး ကျွန်တော်တို့ သဘောထားက တော့ ရလဒ်ကောင်းတွေထွက်ဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆက်လက် တိုးတက်ဖို့ကိုပဲ ဦး တည်ပါတယ်’’ဟု ဆွေးနွေးပွဲရလဒ်ကို ကြိုတင်မခန့်မှန်းနိုင်သော် လည်း    ယခုတွေ့ဆုံပွဲနှင့် ပတ်သက်၍ ၈၈ မျိုးဆက်၏ သဘောထားကို ဦးမြအေးက ပြောသည်။

သို့သော် တွေ့ဆုံမှုတစ်ကြိမ် တည်းနှင့် လုံလောက်မည်မဟုတ် ဘဲ တွေ့ဆုံမှုများ ထပ်မံပြုလုပ်ရန် လိုကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူများက တညီတညွတ်တည်း သုံးသပ်သည်။

ပထမဆုံးအကြိမ် နိုင်ငံရေး ထိပ်သီးများ၏ တွေ့ဆုံမှုအဖြစ် အောက်တိုဘာ ၃၁ ရက်က ပြု လုပ်ခဲ့သည့် နှစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးပွဲတွင်မူ တစ်ဦး လျှင် ၁၀ မိနစ်စီပြောဆိုဆွေးနွေး ခွင့်ရပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ ကြသည်။ သို့သော် ယင်း ဆွေးနွေးပွဲတွင်တိကျသော ဘုံသဘောတူ ညီချက် မရရှိခဲ့ပေ။

7 Day Daily

No comments:

Post a Comment