Wednesday, January 14, 2015

အာရှယူ-၂၃ ခြေစစ်ပွဲအတွက် မြန်မာအသင်း စတင်လေ့ကျင့်


အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အာရှယူ-၂၃ ဘောလုံးပြိုင်ပွဲခြေစစ်ပွဲကို ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၂၃ အသင်းမှာ ယနေ့ညနေပိုင်းမှစ၍ လေ့ကျင့်မှုများပြုလုပ်လျက် ရှိသည်။ ခြေစစ်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်းကို ပဏာမကစားသမား ၃၈ ဦးဖြင့် ဖွဲ့စည်း ထားသည်။
မြန်မာယူ-၂၃ အသင်းနည်းပြချုပ်ဖြစ်သူ အေဗရာမိုဗစ်မှာ ရွေးချယ်ထားသော ကစား သမားများ အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် တစ်ပတ် လျှင် နှစ်ရက်နှုန်းဖြင့် လေ့ကျင့်ခြင်းဖြစ်ပြီး မတ် ၃ ရက်မှသာ စခန်းဝင်လေ့ကျင့်သွားမည်ဖြစ်သည်။ ပဏာမကစားသမားများထဲမှ ကျော်ဇင်ဖြိုး၊ ချစ်စုမိုး၊ရဲဝင်းအောင်၊ စည်သူအောင်၊ နေလင်း ထွန်း၊ အောင်ကျော်နိုင်နှင့် သိန်းဇော် တို့မှာ အပတ်စဉ်လေ့ကျင့်မှုတွင် မပါဝင်ဘဲ မတ် ၃ ရက်မှသာ လေ့ကျင့် ရမည်ဖြစ်သည်။ ရွေးချယ်ထားသော ပဏာမကစားသမားအချို့မှာ ဒဏ်ရာ ပြဿနာများနှင့်ရင်ဆိုင်နေရပြီး ဇန်န ဝါရီ ၁၃ ရက် ညနေပိုင်းက ပြုလုပ်သည့် အသင်း၏ ပထမဆုံးလေ့ကျင့်မှုတွင် လည်း ကစားသမားစုံလင်ခြင်းမရှိခဲ့ပေ။

မြန်မာယူ-၂၃ အသင်းသည် အာရှယူ-၂၃ ခြေစစ်ပွဲတွင် အုပ်စု (F) ၌ တရုတ်(တိုင်ပေ)၊ သြစတြေးလျ၊ ဟောင်ကောင်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာယူ-၂၃ အသင်းမှာ ခြေစစ်ပွဲမတိုင်မီ ဂျပန်၊ တရုတ်၊ ဗီယက်နမ်အသင်းတို့နှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် စီစဉ် ထားကြောင်း သိရသည်။ ယင်းအသင်း ကို နည်းပြချုပ်အဖြစ် အေဗရာမိုဗစ် ကပင် ကိုင်တွယ်မည်ဖြစ်ပြီး စခန်းဝင် လေ့ကျင့်မှုကို မတ် ၃ ရက်တွင် စတင် မည်ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းတွင် နည်း ပြချုပ် အေဗရာမိုဗစ်၊ လက်ထောက် နည်းပြ ဇီကိုဗစ်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ ဒီနို၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ဖြိုး၊ ချမ်းငြိမ်းကျော်၊ ရန် အောင်လင်း၊ ဇော်ဇော်နိုင်၊ အောင်ဝေဖြိုး၊ နောက်တန်း-ရဲဝင်းအောင်၊ စည်သူ အောင်၊ သိန်းဇော်၊ နေဇော်အောင်၊ ဇာနည်ထက်၊ ဇွန်မိုးအောင်၊ ဝင်းဇင်ဦး၊ ထန်တမန်၊ ဆွန်လာမန်၊ ဟိန်းသီဟ ဇော်၊ သိန်းနိုင်ဦး၊ အလယ်တန်း-ဖြိုး ကိုကိုသိန်း၊ ဇော်လင်း၊ မျိုးမင်းဇော်၊ သက်ပိုင်ဦး၊ ရဲလင်းအောင်၊ အောင်ရှိုး သာမောင်၊ ကောင်းဆက်နိုင်၊ ကိုကိုဟိန်း၊ ထက်ဇော်ထွန်း၊ ဇင်ဖြိုးအောင်၊ ညီညီ မင်း၊ ဇော်ဝင်း၊ ငြိမ်းတေဇာဝင်း၊ လှိုင်း ဘိုဘို၊ အောင်ကျော်နိုင်၊ ချစ်စုမိုး၊ နေလင်းထွန်း၊ ရှေ့တန်း-ဒွေးကိုကိုချစ်၊ ဇင်မင်းထွန်း၊ သန်းထက်အောင်၊ စိုးပိုင် သွေးနှင့် ရန်နိုင်ထွေးတို့ ပါဝင်ကြသည်။

MOI Webportal Myanmar

No comments:

Post a Comment