Wednesday, January 14, 2015

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင် ပင်စည်ပုပ်ရာမှ ပြန်လည်ကောင်းမွန်လာ


Photo: ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင် ပင်စည်ပုပ်ရာမှ ပြန်လည်ကောင်းမွန်လာ

ဇန်န၀ါရီလ ၁၄ ရက်၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင်ကို ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် စိုက်ပျိုးထားခဲ့ရာ ပင်စည်ပုပ်ပြီးသေဆုံးမည့်အခြေအနေဖြစ်ပေါ် ခဲ့ကြောင်း ထိန်းသိမ်းစောင့်ရှောက် မှုပေးနေသော မိုးမေတ္တာနာရေး ကူညီမှုအသင်းမှ သိရသည်။

‘‘တောင်ကုန်းပေါ်မှာ စိုက်ပျိုးပြီးတစ်လလောက်အကြာမှာ ပင်စည်အလယ်က ပုပ်ပြီး သေ တော့မလိုဖြစ်ခဲ့လို့ စိုးရိမ်ခဲ့ရ တယ်။ ဒါပေမဲ့ ထူးခြားစွာအဲဒီနေ ရာကနေ ခက်မ လေးခုဖြာပြီး အ သစ်ထွက်လာတယ်။ ဆရာဦး ကျော်သူ ကတောင် ပြောသေး တယ်။ ညောင်ကိုင်းလေးခုဖြာ ထွက်လာတာ ဗြဟ္မစိုရ် တရား လေးပါးလက်ကိုင်ထားသူ၊ ပရဟိ တဆောင်ရွက်သူတွေရဲ့ ကိုယ်ပွား နိမိတ်ပဲ။ ကောင်းမွန်တဲ့ မဟာ ဗောဓိညောင်လေးခက်ဖြာထွက် လာတာလို့ပဲ ဆိုခဲ့တယ်’’ဟု မိုး မေတ္တာနာရေးကူညီမှုအသင်းမှဦး ညီညီအောင်ကပြောသည်။

ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် ပရဟိ တဆောင်ရွက်သူ များသစ္စာပြုနိုင် ရန် ရည်ရွယ်ပြီးနာရေးကူညီမှုအ သင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ဦးဆောင်တည်ထားသည့် မဟာပဏီတပရဟိတအောင်တော်မူ စေ တီတော်မြတ်ကြီးအောက် ရင်ပြင်၌ မဟာဗောဓိညောင်ပင်ကို၂၀၁၄ ကဆုန်လပြည့်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း၊ ဒေါ်အောင် ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးအပ်ခဲ့ သည့် မဟာဗောဓိညောင်ပင်ကို ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ရာ ပခုက္ကူဆရာတော်ကြီးက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအားပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးစဉ်က အပင်ရှင်သန် အမြစ်တွယ်မှုကောင်းမွန်စေရန် ရည်ရွယ်ပြီး မြေ ကျင်းတူးခဲ့ရာမြေ တွင် အနည်းငယ်နက်သွားခဲ့သ ဖြင့် ပင်စည်အလယ်ပိုင်းမှာမြေ သား၊ ရေတို့နှင့် ထိတွေ့ကာ ဆွေး မြည့်ပုပ်သွားခဲ့ကြောင်း၊ သို့ရာတွင် ယင်းနေ ရာမှာ ခက်မလေးခု ဖြာထွက်လာပြီး ယခုအခါရှင်သန် ကြီးထွား ကောင်းမွန် လျက်ရှိကြောင်း၊ ညောင်ပင်စည်ခတ်မ များကို ညောင်ထောက်များဖြင့် ထောက် ကူထားကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ခဲ့ပါက ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မဟာဗောဓိညောင်ပင်စိုက်ပျိုး ထားရာ ပရဟိတတောင်ကုန်းသို့ လာရောက်ရန် ဖိတ်ကြားထား ကြောင်းလည်း မဟာဗောဓိ ညောင်ပင် ထိန်းသိမ်းစောင့်ရှောက်နေသူများထံမှ သိရသည်။

‘‘မဟာဗောဓိညောင်ရဲ့ အရွက်က တခြားညောင်ရွက်တွေနဲ့ မတူကွဲပြား စွာတွေ့ရတယ်။ အ ရွက်တွေဟာ စိမ်းလန်းမှုအား ကောင်းပြီး အမြင်အာရုံကို ကြည် နူးစေတယ်။ အခုဆိုအပင်လေး ခတ်မှာ နှစ်ခက်ကပိုမြင့်ပြီးအောက်ခြေ ကနေ ၁၅ပေကျော် လောက်ရှိ နေပြီ’’ဟု ပြည်မြို့ဒေသခံတစ်ဦး ကပြောသည်။

7Day News Journal
ဒေါ်အောင်ဆန်းစုကြည်အားအိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးခဲ့သည့် မဟာဗောဓိညောင်ပင်ကို ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် စိုက်ပျိုးထားခဲ့ရာ ပင်စည်ပုပ်ပြီးသေဆုံးမည့် အခြေအနေဖြစ်ပေါ် ခဲ့ကြောင်း ထိန်းသိမ်းစောင့်ရှောက် မှုပေးနေသော မိုးမေတ္တာနာရေး ကူညီမှုအသင်းမှ သိရသည်။


‘‘တောင်ကုန်းပေါ်မှာ စိုက်ပျိုးပြီးတစ်လလောက်အကြာမှာ ပင်စည်အလယ်က ပုပ်ပြီး သေ တော့မလိုဖြစ် ခဲ့လို့ စိုးရိမ်ခဲ့ရ တယ်။ ဒါပေမဲ့ ထူးခြားစွာအဲဒီနေ ရာကနေ ခက်မ လေးခုဖြာပြီး အ သစ်ထွက်လာတယ်။ ဆရာဦး ကျော်သူ ကတောင် ပြောသေး တယ်။ ညောင်ကိုင်းလေးခုဖြာ ထွက်လာတာ ဗြဟ္မစိုရ် တရား လေးပါးလက်ကိုင်ထားသူ၊ ပရဟိ တဆောင်ရွက်သူတွေရဲ့ ကိုယ်ပွား နိမိတ်ပဲ။ ကောင်းမွန်တဲ့ မဟာ ဗောဓိညောင်လေးခက်ဖြာထွက် လာတာလို့ပဲ ဆိုခဲ့တယ်’’ဟု မိုး မေတ္တာနာရေးကူညီမှုအသင်းမှဦး ညီညီအောင်ကပြောသည်။

ပြည်မြို့တစ်ဖက်ကမ်းရှိ ပရဟိတတောင်ကုန်းတွင် ပရဟိ တဆောင်ရွက်သူ များသစ္စာပြုနိုင် ရန် ရည်ရွယ်ပြီးနာရေးကူညီမှုအ သင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ဦးဆောင်တည်ထားသည့် မဟာပဏီတပရဟိတအောင်တော်မူ စေ တီတော်မြတ်ကြီးအောက် ရင်ပြင်၌ မဟာဗောဓိ ညောင်ပင်ကို၂၀၁၄ ကဆုန်လပြည့်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း၊ ဒေါ်အောင် ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီးချုပ်က လက်ဆောင်ပေးအပ်ခဲ့ သည့် မဟာဗောဓိညောင်ပင်ကို ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ရာ ပခုက္ကူဆရာတော်ကြီးက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအားပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးစဉ်က အပင်ရှင်သန် အမြစ်တွယ်မှုကောင်းမွန်စေရန် ရည်ရွယ်ပြီး မြေ ကျင်းတူးခဲ့ရာမြေ တွင် အနည်းငယ်နက်သွားခဲ့သ ဖြင့် ပင်စည်အလယ်ပိုင်းမှာမြေ သား၊ ရေတို့နှင့် ထိတွေ့ကာ ဆွေး မြည့်ပုပ်သွားခဲ့ကြောင်း၊ သို့ရာတွင် ယင်းနေ ရာမှာ ခက်မလေးခု ဖြာထွက်လာပြီး ယခုအခါရှင်သန် ကြီးထွား ကောင်းမွန် လျက်ရှိကြောင်း၊ ညောင်ပင်စည်ခတ်မ များကို ညောင်ထောက်များဖြင့် ထောက် ကူထားကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့ လာရောက်ခဲ့ပါက ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မဟာဗောဓိ ညောင်ပင်စိုက်ပျိုး ထားရာ ပရဟိတတောင်ကုန်းသို့ လာရောက်ရန် ဖိတ်ကြားထား ကြောင်းလည်း မဟာဗောဓိ ညောင်ပင် ထိန်းသိမ်းစောင့်ရှောက်နေသူများထံမှ သိရသည်။

‘‘မဟာဗောဓိညောင်ရဲ့ အရွက်က တခြားညောင်ရွက်တွေနဲ့ မတူကွဲပြား စွာတွေ့ရတယ်။ အ ရွက်တွေဟာ စိမ်းလန်းမှုအား ကောင်းပြီး အမြင်အာရုံကို ကြည် နူးစေတယ်။ အခုဆိုအပင်လေး ခတ်မှာ နှစ်ခက်ကပိုမြင့်ပြီးအောက်ခြေ ကနေ ၁၅ပေကျော် လောက်ရှိ နေပြီ’’ဟု ပြည်မြို့ဒေသခံတစ်ဦး ကပြော သည်။

7Day News Journal

No comments:

Post a Comment