Tuesday, January 6, 2015

ကချင်ပြည်နယ် အတွင်း တရားမ၀င် သစ်တင်ယာဉ်များ၊ သစ်များနှင့် လူများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန် သစ်များအား တရားမ၀င် ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ကိုယ်ကျိုးစီးပွား အတွက် သယ်ဆောင် ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင် ထားရှိမှုအား လေကြောင်း ကင်းထောက်မှု အရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် တရားမ၀င် သစ်ထုတ်ရာတွင် အသုံးပြုသော ဒိုဇာ ၁စီး၊ ပါဂျဲရိုး ၄စီး၊ ပီကင်းဂျစ် ၄စီး၊ ၀န်ဆွဲယာဉ် ၃စီး၊ နှစ်ခန်း တွဲယာဉ် ၂စီး၊ အမျိုးအစား (စိစစ်ဆဲ) သစ်တင်ယာဉ် ၄၃၆စီး (၁၄စီးသစ်ပါရှိ) ၊ တုန်ဖုန်း။ ဒေါင်ဖန်းယာဉ် ၃စီး၊ ကရိန်း ၂စီး၊ စုစုပေါင်း ယာဉ် ၄၅၅ စီး၊ ဆိုင်ကယ် ၉စီး၊ မြန်မာနိုင်ငံသား ကျား ၄ဦး၊ မ ၁၆ ဦးနှင့် တစ်ဖက် နိုင်ငံသား ကျား ၉၇ဦး၊ မ ၅ဦး၊ စုစုပေါင်း ၁၂၂ ဦး၊ ချိန်းဆော ၂ခု၊ အိပ်ယာလိပ် ၁၀ခု၊ ဆိုလာပြား တစ်ပြား၊ ဘထ္ထရီ တစ်လုံး၊ ဖုန်းကြိုးတိုင် တစ်ခု၊ စိတ်ကြွ ဆေးပြား ၆၈၀ပြား၊ ဘိန်းမဲ ၆ထုပ်၊ ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ် ယွမ်ငွေ ၁၂၀၀၀ အား သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆည်း ရမိသော တစ်ဖက်နိုင်ငံသား များထံမှ ကေအိုင်အေ (ကချင်)အဖွဲ့၊ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိ ဇောဘုတ်ထန်း လက်မှတ် ရေးထိုး ခွင့်ပြု ထားသော သစ်ထုတ်လုပ်ခွင့် ပြုထားသည့် စာအား သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment