Friday, January 9, 2015

အမျိုးသမီး တပ်ကြပ်ကြီးစာရေးများခေါ်ယူ

ရန်ကုန်- တပ်မတော်က ဒုတိယ အကြိမ် ခေါ်ယူလိုက်သည့် အမျိုး သမီးတပ်ကြပ်ကြီး စာရေးရာထူး အတွက် စတင်လျှောက်ထားနိုင် ပြီး ရွေးချယ်ခံရပါက သင်တန်း ကာလအတွင်း ပြင်ပမှ အဝေး သင်တက္ကသိုလ်စာမေးပွဲများကို အဆင်ပြေစွာ ဖြေဆိုနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ သတင်းရရှိ သည်။
အမျိုးသမီးတပ်ကြပ်ကြီး စာ ရေးရာထူးများကို တပ်မတော်က ၂၀၁၄ တွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသူများအား အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်တို့ကို တစ်နှစ်ခွဲကြာ သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါ သင်တန်းသို့ အသက် (၁၆)နှစ်ပြည့်ပြီးသော တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အိမ်ထောင်မရှိသူ အမျိုး သမီးများ လျှောက်ထားနိုင်ပြီး သင်တန်းကာလအတွင်း ပြင်ပအဝေးသင်တက္ကသိုလ်များထံမှ ဘွဲ့ရရှိသည်အထိ ဖြေဆိုနိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘တစ်နှစ်ခွဲသင်တန်းပြီးရင် တော့ ရာထူးက သုံးရစ်ပေးတယ်။ တပ်ကြပ်ကြီးပေါ့။ နောက် ၂ နှစ် ကြာရင် တစ်ခါ စာမေးပွဲဝင်ဖြေ နိုင်တယ်။ နောက်ဆုံးအရာခံဗိုလ် အဆင့်ထိ အဆင့်ဆင့် ဖြေလို့ရ တယ်။ ခြေလျင်တပ်သားသစ်အ ဖြစ်နဲ့ သင်တန်းပေးပေမယ့် အမျိုး သမီးတွေဆိုတော့ ရုံးလုပ်ငန်းသုံး ကိုပဲ တာဝန်ပေးမှာ ဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်မတော်က အမျိုးသမီး များကို ၂၀၁၃ မှစ၍ ဗိုလ်လောင်းရာထူးများ စတင်ခေါ်ယူခဲ့ပြီး ယခုအခါ တပ်ကြပ်ကြီး စာရေးအဆင့်များကိုပါ ခေါ်ယူလာခြင်းဖြစ်သည်။ သင်တန်းပြီးပါက ကွန်ပျူတာဒီပလိုမာ လက်မှတ်ပေးအပ်မည်ဖြစ်ပြီး တပ်မတော်တွင် အမျိုးသမီးတပ်ကြပ်ကြီးအဖြစ် တပ်မတော်ကြည်း၊ ရေ၊ လေတွင် ၂နှစ်ကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၂ နှစ်ပြည့်မှသာ အခြား ရာထူးအဆင့်မြင့် စာမေးပွဲများသို့ ၀င်ရောက်ဖြေဆိုရမည် ဖြစ်သည်။
လျှောက်ထားလိုသူများမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များတွင် ဇန်န၀ါရီ ၇ ရက်မှ ၂၂ ရက်အထိ လူကိုယ်တိုင် လာ ရောက် လျှောက်ထားရမည်ဖြစ် ကြောင်း စစ်ရေးချုပ်ရုံး ကြေညာ ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အမျိုးသား တပ်ကြပ်ကြီး စာရေးများမှာမူ စစ်မှုထမ်းသက် ရှစ်နှစ်ရှိ၍ ဘွဲ့ရဖြစ်ပြီး ဗိုလ်သင် တန်းတက်ရောက်ရန် အရည်အ ချင်းပြည့်စုံပါက ဗိုလ်လောင်းသင် တန်း တက်ရောက်ခွင့်ရသော် လည်း အမျိုးသမီးတပ်ကြပ်ကြီး စာရေးများမှာမူ သတင်းစာပါ ကြော်ငြာအတိုင်းသာ တပ်ကြပ် ကြီးဒုတိယတန်းမှ အရာခံဗိုလ်အ ထိ အရည်အချင်းစစ် စာမေးပွဲ များကို ၂ နှစ်တစ်ကြိမ် ၀င်ရောက် ဖြေဆိုနိုင်သည့် အခွင့်အရေးသာ ရှိကြောင်း အဆိုပါ တာဝန်ရှိသူ က ပြောသည်။
‘‘အခု သတင်းစာမှာပါတဲ့ အတိုင်းပါပဲ။ ဒါတောင် တပ်ကြပ် ကြီး(ဒုတိယတန်း)ကနေ အရာခံ ဗိုလ်အဆင့်အထိ ဖြေဆိုရမယ့် စာမေးပွဲတွေက အရမ်းခက်ပြီး အောင်တဲ့သူလည်း ရှားပါတယ်။ နောက်ပြီး ဖြေလို့အောင်ဦးတော့။ နေရာလွတ်ရှိမှ ပေးလို့ရမှာပါ။ ဒါကလည်း လျှောက်တဲ့ကလေး တွေမှာ ဒီလိုအရာခံဗိုလ်အဆင့် ထိ ကြိုးစားနိုင်တဲ့ စာမေးပွဲတွေ ကို ၂ နှစ်တစ်ကြိမ်ဖြေလို့ရတယ် ဆိုတာကို ထည့်ပြီး မက်လုံးပေး ထားတဲ့ သဘောပါပဲ’’ဟု ၎င်းက ပြောသည်။
သို့သော် တပ်မတော်တွင် ၀င်ရောက်အမှုထမ်းနေစဉ် ဗိုလ် သင်တန်းတက်ရောက်ရန် အရည် အချင်းပြည့်မီပါက ဗိုလ်လောင်း ဖြေခွင့်ရမည်ထင်ကြောင်း တပ်မ တော်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး က ပြောကြားသည်။
7Day Daily

No comments:

Post a Comment