Saturday, January 3, 2015

ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည် KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

Photo: ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည်
KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် ဗိုလ်ရှုခံ အခမ်း အနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့ရာတွင် ၁၃ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ မှ သတင်းရရှိသည်။

ဗိုလ်ရှုခံကျင်းပရေးကော်မ တီအနေဖြင့် KIA (ကချင်လွတ် မြောက်ရေးအဖွဲ့) နှင့် TNLA (တ အောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်) တို့ အပါအ၀င် အ ဖွဲ့ ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့သည်။

KIA၊ TNLA နှင့် KNPP (က ရင်နီအမျိုးသားတိုးတက်ရေးပါ တီ) မှ ကိုယ်စားလှယ်များ တက် ရောက်မည်မဟုတ်ကြောင်း သ တင်းရရှိသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တွင် KIA၊ TNLA တို့နှင့် အ စိုးရ စစ်တပ်တို့မှာ အပစ်ရပ်လက် မှတ်မထိုးနိုင်သေးဘဲ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ပြုလုပ်သော ဆွေးနွေး ပွဲသို့လည်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် တက်ရောက် ခြင်း မရှိခဲ့ပေ။

ဗိုလ်ရှုခံအခမ်းအနား တက် ရောက်ရန် ကရင်အမျိုးသားအ စည်းအရုံး (KNU)၊ KNU/ KNLA (PC)၊ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ/‘၀’ ပြည် သွေး စည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ NDAA (ရှမ်းပြည်နယ်အရှေ့ပိုင်းအထူး ဒေသ (၄)နှင့် ABSDF (မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) မှ ကိုယ်စားလှယ်များသည် အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေကြပြီဖြစ်ကြောင်း အဆိုပါအဖွဲ့များမှ ပြောရေးဆိုခွင့်ရှိသူများက ပြော သည်။

အပစ်အခတ် ရပ်စဲရေး အောင်မြင်စေရန် အစိုးရနှင့် မြန် မာ့တပ်မတော်တို့၏ စိတ်ပိုင်းဖြတ် ချက်များကို သက်သေပြရန် ဖိတ် ခေါ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက် ခြင်း၊ မတက်ရောက်ခြင်းမှာမူ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားသာဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘လွတ်လပ်ရေးရတယ်ဆို တာ လူတချို့အတွက် ရတာမ ဟုတ်ဘူး။ တိုင်းရင်းသားအားလုံး နဲ့ ဆိုင်တယ်။ ပင်လုံမှာ လက် မှတ်ထိုးတာ တိုင်းရင်းသားခေါင်း ဆောင်တွေလည်းပါတယ်’’ ဟု KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြော သည်။ဗိုလ်ရှုခံအခမ်းအနားအပြီး နောက်တစ်နေ့တွင် သမ္မတနှင့် တက်ရောက်လာသော တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ရန်ရှိကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်မည့် တိုင်းရင်းသား အဖွဲ့များမှာ KNU၊ KNU/ KNLA (PC)၊ DKBA၊ ABSDF၊ NMSP၊ WUSA၊ NDAA၊ SSPP/ SSA၊ RCSS/SSA၊ PNLO၊ ALP၊ NSCN-k (နာဂအမျိုးသားဆို ရှယ်လစ် ကောင်စီခပ်ပလန်) အဖွဲ့မှ ခေါင်းဆောင်များ တက် ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်

ဗိုလ်ရှုခံအခမ်းအနားအတွက် ၀တ်စုံပြည့် လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment