Friday, January 2, 2015

လက်ပံတောင်းအကြမ်းဖက်မှုကို မန္တလေးလူထု ဒုတိယအကြိမ် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒထုတ်ဖော်

မန္တလေးမြို့ လေးပြင်လေးရပ်သံဃာတော်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီဝင်များ၊ တက်ြ<ွကလှုပ် ရှားသူများမှ ယင်းမာပင်ခရိုင်၊ ဆား လင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံရမှု အပေါ် ဇန်နဝါရီ ၁ရက်က မန္တလေးမြို့တွင်း လှည့် လည်ကြွေးကြော်ဆန္ဒထုတ်ဖော်ကြ ကြောင်း သိရသည်။



''ပထမအကြိမ် မန္တလေးမှာ ဒီဇင်ဘာ ၂၇ရက်က ဆန္ဒထုတ်ဖော် ပြီးပါပြီ၊ လက်ပံတောင်းကိစ္စက ဦး ပိုင်နဲ့ ဝမ်ပေါင်အကျိုးသက်သက်ပါ။ တိုင်းပြည်နဲ့ ဒေသခံတွေကတော့ နစ်နာနေဆဲပါ''ဟု ဦးဆောင်ပါဝင် သူတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် စုရပ် ဖြစ်သော မြတောင် ကျောင်းတိုက်ရှေ့ ၃၅လမ်းမှ အင်အား ၅ဝဝခန့်ပါဝင် သောအဖွဲ့က ၃၅လမ်းအတိုင်းအရှေ့ ဘက် ၇၈လမ်းအထိ၊ ၇၈လမ်းမှ မြောက်ဘက် ၂၆ လမ်းအထိ၊ ၂၆ လမ်းမှ အနောက်ဘက် ၈၄လမ်း အထိ၊ ၈၄လမ်းမှ တောင်ဘက် ၃၅ လမ်းအထိ ချီတက်ရာတွင် သာသနာ့ အလံအပါအဝင် ကျောင်းသားသမဂ္ဂ အလံ၊ ငြိမ်းချမ်းရေး ကွန်ရက်အလံ များ၊ လက်ကိုင်ဗွီနိုင်းပိုစတာများ ကိုင်ဆောင်ကြကာ ၃၅လမ်းမှ မြ တောင်ကျောင်းရှေ့အရောက်တွင် ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးခဲ့သည်။

DW

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Yangon Media Group

No comments:

Post a Comment