Friday, January 23, 2015

MPT ဝန်ဆောင်ခလျှော့ချမည်ဆိုပါက မစိုးရိမ်ဟု တယ်လီနော စီအီးအိုပြော


မြန်မာ့ဆက်သွယ်ရေး (MPT)အနေဖြင့် ၎င်းတို့ထက်ဈေးလျှော့ ချ၍ ဝန်ဆောင်မှုများပေးမည်ဆိုပါက စိုးရိမ်ည်မဟုတ်ဘဲ ယှဉ်ပြိုင်မှုကို သာ အဓိကထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကပြောကြားသည်။
‘‘ကျွန်တော်တို့စလုပ်ကတည်းက အော်ပရေတာတွေထဲမှာ ဈေး အနည်းဆုံးနဲ့ ဝန်ဆောင်မှုစပေးခဲ့တာပါ။ အဲဒီအတွက် မကြောက်ပါဘူး။ MPT နဲ့သဘော တူညီမှုပြုလုပ်ပြီး ပြောထားတာမရှိသလို တကယ်လို့ သူကတယ်လီနောထက် ဈေးလျှော့ချပြီးပေးလိုက်မယ်ဆိုရင်လည်း ယှဉ် ပြိုင်မှုတွေလုပ်သွားဦးမှာပဲ။ ပြိုင်ဆိုင်မှုကိုလိုလားပါတယ်’’ဟု ပီတာက ဆိုသည်။


ယခုလ ၁၂ ရက်တွင် အသစ်မိတ်ဆက်လိုက်သည့် MPT ၏ ဆွေ သဟာဝန်ဆောင်မှုအသစ်တွင် ဖုန်းခေါ်ဆိုခနှုန်းထားများကို အများနှင့် တန်းတူလျှော့ချမပေးခဲ့ဘဲ သတ်မှတ်လိုက်ခြင်းမှာ လပိုင်း အတွင်းသာ ဝန်ဆောင်မှုပေးရေသေးသော အခြားအော်ပရေတာများကို အကျပ် အတည်းမဖြစ်စေရန်နှင့် ပြိုင်ဆိုင်မှုဈေးကွက်ပျက်စီးမသွားစေရန်ဖြစ် ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ ပြောကြားချက်အပေါ် တယ်လီနော၏ အမှုဆောင်အရာရှိချုပ်က တုံ့ပြန်ဖြေကြားလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ ကွန်ရက်အခြေအနေမှာ အသုံးပြုသူများ၏ လိုအပ်ချက်ကိုအမီလိုက်၍ ဝန်ဆောင်မှုများ ပေးနိုင်တော့မည့် အခြေ အနေသို့ ရောက်လာပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အားလုံးသိတဲ့အတိုင်း ရန်ကုန်၊ မန္တလေးတို့မှာ တာဝါတိုင်တည် ဆောက်နိုင်တာထက် အသုံးပြုသူအရေအတွက်က အရမ်းများပါတယ်။ ဒါပေမဲ့ အခုလကစပြီးတော့ အဲဒီအရေအတွက်ကို တာဝါတိုင်ကမီအောင် လိုက်နိုင်တော့မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကွန်ရက်ပိုကောင်း လာဖို့အတွက် တာဝါတည်ဆောက်တာကို စဉ်ဆက်မပြတ်လုပ်သွားဖို့ ရှိပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

တယ်လီနောအနေဖြင့် ဇန်နဝါရီမှစ၍ နိုင်ငံတစ်ဝန်းတွင် တာဝါ တိုင် ၂၀၀ မှ ၃၀၀ အတွင်း လစဉ်တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ပြီး လူသုံးများ၍ ဖုန်းလိုင်းကျပ်သော နေရာများတွင်မက အသုံးနည်း သည့်နေရာများတွင်ပါ ပို၍ပြည့်စုံလာစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။


7 Day Daily

No comments:

Post a Comment