Friday, January 23, 2015

အွန်လိုင်းပေါ်တွင်ပျံနှံ့နေသော ဆရာတော်ဦးဝီရသူအား တိုင်းသာသနာရေးမှ တရားစွဲဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်


အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံ့နှံ့လျှက်ရှိသော ဆရာတော်ဦးဝီရသူအား မန္တလေးတိုင်းသာသနာရေး ဦးစီးဌာနမှ တရားစွဲဆိုမည်ဆိုသော သတင်းမှာ သတင်းအမှားတစ်ခုသာဖြစ် မဟုတ်မှန်ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြု ပြောကြားခဲ့သည်။

ဆရာတော်ဦးဝီရသူအား တရားဆွဲဆိုမည်ဆိုသောသတင်းနှင့်ပတ်သက်၍ တိုင်းသာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး`` အဲဒါနဲ့ ပတ်သက်ပြီး ဘာမှညွှန်ကြားခက်မရှိပါဘူး။ မစိုးရိမ်တိုက်သစ်ကို ကျွန်တော်တို့ သွားတယ်ဆိုတာကလည်း အခြားကိစ္စတစ်ခုပါ။ပူဇော်ပွဲကိစ္စတွေနဲ့ သွားတာပါ။အဲဒီကိစ္စ မဟုတ်ပါဘူး´´ဟု အတည်ပြု ဖြေကြားပေးခဲ့သည်။

အွန်လိုင်းစာမျက်နှာများပေါ်တွင် ကုလသမဂ္ဂမှ အထူးသံတမန်အမျိုးသမီးအား ဆရာတော်ဦးဝီရသူမှ အဆိုပါသံတမန်၏ ဆောင်ရွက်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ပြောကြားခဲ့သည့်စကားများသည် မြန်မာအစိုးရကို ဖိအားရရှိခဲ့၍ တိုင်းသာသနာရေးမှ တရားဆွဲဆိုမည်ဆိုသောသတင်းမှာ ဇန်နဝါရီ၂၂ရက် က အွန်လိုင်းစာမျက်နှာများပေါ်တွင်ပျံနှံ့နေသောကြောင့် The Street View ဂျာနယ်မှ မန္တလေးတိုင်း သာသနာရေးဦးစီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သည်ကို တိုင်းသာသနာရေး ဦးစီးဌာနမှ ယခုကဲ့သို့ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

The Street View

No comments:

Post a Comment