Saturday, January 31, 2015

ဂျာမန် NGO အဖွဲ့၏ သတင်းစာလွတ်လပ်ခွင့် ဟောပြောပွဲကို ထိုင်းစစ်အစိုးရက တားမြစ်ပိတ်ပင်

Photo: ဂျာမန် NGO အဖွဲ့၏ သတင်းစာလွတ်လပ်ခွင့် ဟောပြောပွဲကို ထိုင်းစစ်အစိုးရက တားမြစ်ပိတ်ပင်
Saturday, January 31, 2015

ဂျာမန်လူ့အခွင့်အရေးအုပ်စုက ၎င်းတို့၏ ထိုင်းမီဒီယာဖွံ့ဖြိုးရေး အတွက် ဟောပြောပွဲပြုလုပ်မည့် အစီအစဉ်အား စစ်အစိုးရက ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း၊ စစ်အစိုးရက လွတ်လပ်စွာရေးသားပြော ဆိုခွင့်များကို ဖိနှိပ်ချုပ်ချယ်မှုများ မြင့်မားလျက်ရှိနေကြောင်း AFP သတင်းအရ သိရသည်။

ဤပိတ်ပင်မှုမှာ ဝန်ကြီးချုပ် ဟောင်း ယင်လတ်ရှီနာဝပ်ထရာ၊ အစိုးရအဖွဲ့ ဝင်ဟောင်း ဝန်ကြီးနှစ်ဦး အား စစ်အစိုးရကဆင့်ခေါ်ခဲ့ပြီးနောက် ပေါ်ပေါက် ခဲ့သည်။ ထိုင်းစစ်တပ်သည် မေလအာဏာသိမ်းခဲ့သည်မှ စ၍ ဆန့်ကျင်သူများအား နှိမ်နင်းမှု စစ်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဖရီးဒ်ရစ်ခ်ျအီဘတ်ဖောင်ဒေး ရှင်းက ပြောကြားရာတွင် ထိုင်းစစ်အစိုးရက ၎င်းတို့၏ဘန်ကောက်ဟို တယ်၌ ဟောပြောပွဲပြုလုပ်မည့် အစီအစဉ်ကို ပိတ်စေခဲ့ကြောင်း၊ အာရှ၌ သတင်းသမားများ စိန်ခေါ်မှုများခံနေ ရကြောင်း၊ နှစ်ပတ်လည်အစီအရင် ခံစာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။ ဒါက အမှန်ပဲဝမ်းနည်းစရာပါ။ ပထမတယ် လီဖုန်းဆက်ခဲ့တယ်။ နောက်စစ်တပ် က ရောက်လာပြီး ဟောပြောပွဲခွင့် မပြုနိုင်ကြောင်း တားမြစ်ခဲ့ပါတယ်'' ဟု ဖောင်ဒေးရှင်းဝန်ထမ်းတစ်ဦးက AFP ကိုပြောပြခဲ့သည်။ ဤကဲ့သို့ အဖြစ်အပျက်ကြုံရသည်မှာ ဒါပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးသမားများက အခြေခံ လွတ်လပ်ခွင့်ကို ဆိုးရွား စွာ ဖြတ်တောက်ခြင်းကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း သတိပေး ပြောကြားခဲ့သည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အဖွဲ့အစည်းများက စစ် အစိုးရလက်အောက်၌ သတင်း ဆင်ဆာလုပ်မှု အလွန်များပြားလာ ခဲ့ကြောင်း၊ နိုင်ငံရေးစုဝေးမှုများနှင့် အာဏာသိမ်းမှုကို ဝေဖန်မှုအား စစ် ဥပဒေအရ တားမြစ်ထားကြောင်း ပြောခဲ့သည်။ စစ်ခေါင်းဆောင်ချန်အိုချာက အစိုးရကိုဝေဖန်သူ၊ စစ်တပ်ဝေဖန်သူအား ဖမ်းဆီးသွားရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။

Ref: AFP
Democracytoday
ဂျာမန်လူ့အခွင့်အရေးအုပ်စုက ၎င်းတို့၏ ထိုင်းမီဒီယာဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲပြုလုပ်မည့် အစီအစဉ် အား စစ်အစိုးရက ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း၊ စစ်အစိုးရက လွတ်လပ်စွာရေးသားပြောဆို ခွင့်များ ကို ဖိနှိပ်ချုပ်ချယ်မှုများ မြင့်မားလျက်ရှိနေကြောင်း AFP သတင်းအရ သိရသည်။

ဤပိတ်ပင်မှုမှာ ဝန်ကြီးချုပ် ဟောင်း ယင်လတ်ရှီနာဝပ်ထရာ၊ အစိုးရအဖွဲ့ ဝင်ဟောင်း ဝန်ကြီးနှစ်ဦး အား စစ်အစိုးရကဆင့်ခေါ်ခဲ့ပြီးနောက် ပေါ်ပေါက် ခဲ့သည်။ ထိုင်းစစ်တပ်သည် မေလအာဏာသိမ်းခဲ့သည်မှ စ၍ ဆန့်ကျင်သူများအား နှိမ်နင်းမှု စစ်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဖရီးဒ်ရစ်ခ်ျအီဘတ်ဖောင်ဒေး ရှင်းက ပြောကြားရာတွင် ထိုင်းစစ်အစိုးရက ၎င်းတို့၏ဘန်ကောက်ဟို တယ်၌ ဟောပြောပွဲပြုလုပ်မည့် အစီအစဉ်ကို ပိတ်စေခဲ့ကြောင်း၊ အာရှ၌ သတင်းသမားများ စိန်ခေါ်မှုများခံနေ ရကြောင်း၊ နှစ်ပတ်လည်အစီအရင် ခံစာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။ ဒါက အမှန်ပဲဝမ်းနည်းစရာပါ။ ပထမတယ် လီဖုန်းဆက်ခဲ့တယ်။ နောက်စစ်တပ် က ရောက်လာပြီး ဟောပြော ပွဲခွင့် မပြုနိုင်ကြောင်း တားမြစ်ခဲ့ပါတယ်'' ဟု ဖောင်ဒေးရှင်းဝန်ထမ်းတစ်ဦးက AFP ကိုပြောပြခဲ့သည်။ ဤကဲ့သို့ အဖြစ်အပျက်ကြုံရသည်မှာ ဒါပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးသမားများက အခြေခံ လွတ်လပ်ခွင့်ကို ဆိုးရွား စွာ ဖြတ်တောက်ခြင်းကြောင့် ငြိမ်းချမ်းရေး ကို ထိခိုက်စေကြောင်း သတိပေး ပြောကြားခဲ့သည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အဖွဲ့အစည်းများက စစ် အစိုးရလက်အောက်၌ သတင်းဆင်ဆာလုပ်မှု အလွန်များပြားလာခဲ့ကြောင်း၊ နိုင်ငံရေးစုဝေးမှုများနှင့် အာဏာသိမ်းမှုကို ဝေဖန်မှုအား စစ်ဥပဒေအရ တားမြစ်ထားကြောင်း ပြောခဲ့သည်။ စစ်ခေါင်းဆောင် ချန်အိုချာက အစိုးရကိုဝေဖန်သူ၊ စစ်တပ်ဝေဖန်သူအား ဖမ်းဆီးသွားရလိမ့်မည်ဟု သတိပေးပြောကြား ခဲ့သည်။

Ref: AFP
‎Democracytoday‬

No comments:

Post a Comment