Saturday, January 31, 2015

နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ကြိုးပမ်းရမည့် မြန်မာ-တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း

ဇန်ဝါရီ ၂၈ရက်က မဒေးကျွန်းရေနံတင်ဆိပ်ကမ်းကို အကြိုဖွင့်လှစ် ခဲ့ပြီး မြန်မာ- တရုတ် ရေနံပိုက်လိုင်း လုပ်ငန်းကို ကနဦး စမ်းသပ်ပို့လွှတ် မှု ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ နာယကဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက် ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်ပိုက်လိုင်းစီမံ ကိန်းကို CNPC-SEAP ကုမ္ပဏီနှင့် မြန်မာ့ရေ နံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ အကျိုးတူပူးပေါင်းကာ တည်ဆောက်ခြင်းဖြစ် သည်။ ရှယ်ယာ ပမာဏမှာ CNPC -SEAP က ၅ဝ ဒသမ ၉ရာခိုင်နှုန်းနှင့် MOGE က ၄၉ဒသမ ၁ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ မြန်မာ-တရုတ် ပိုက်လိုင်းစီမံ ကိန်းကို ၂၀၁ဝပြည့်နှစ် ဇွန်လတွင် တရားဝင် စတင်တည်ဆောက်ခဲ့ပြီး ရေနံပိုက်လိုင်း အရှည်မှာ ၇၇၁ကီလို မီတာရှိကာ ပိုက်လိုင်းတစ်လျှောက်တွင်Process Station ငါးခုထားရှိမည်ဖြစ် သည်။

ယင်းငါးခုတွင် မဒေးကျွန်းကို Initial Station အဖြစ်တည်ရှိကြောင်း သိရသည်။ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း သည် မြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ လေးနိုင်ငံမှ အစု ရှယ်ယာ ကုမ္ပဏီခြောက်ခု ပူးပေါင်းရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။ သဘာဝဓာတ်ငွေ့ ပိုက် လိုင်းကို ၂၀၁၃ခုနှစ် ဇူလိုင် ၂၈ရက်တွင် စတင်လည်ပတ်ခဲ့ပြီး၂၀၁၅ခုနှစ် ဇန်နဝါရီ ၂၅ရက်အထိ တရုတ် နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃ဒသမ ၉၂ဘီလီယံပို့လွှတ် နိုင်ခဲ့ပြီး မြန်မာ နိုင်ငံအတွက် ကုဗမီတာ ၁၄၇ မီလီယံ ရယူနိုင်ခဲ့ကြောင်း သိရသည်။

မဒေးကျွန်းသည် ရခိုင်ပြည်နယ်တွင်တည်ရှိပြီး အဆိုပါကျွန်းပေါ်တွင် တန်ချိန်သုံးသိန်းအဆင့်ရှိ ရေနံ ဆိပ်ကမ်း၊ လုပ်ငန်းသုံးသင်္ဘော ဆိပ်ကမ်း ၊ ခြောက်သိန်းငါးသောင်းကုဗမီတာရှိ ရေလှောင်တမံ၊ အရှည် ၃၈ကီလိုမီတာရှိ ရေလမ်းကြောင်း၊ ၁၂သိန်းကုဗမီတာ ရှိ ရေနံလှောင်ကန်နှင့် မဒေးကျွန်း Initial Station နှင့် မြန်မာ- တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့ဖြစ်သည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ကုမ္ပဏီ သည် ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် တွင် ဒေါ်လာသန်း ၂၀ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၁၁ခုလုပ်ဆောင်ပေး ခဲ့ကြောင်း၊ မဒေးကျွန်းတွင် ရေလှောင် တမံစီမံကိန်းတည်ဆောက်ကာ ကျွန်း ပေါ်ရှိ ပြည်သူများ သောက်သုံးရေအခက်အခဲ ကို ဖြေရှင်းပေး နိုင်ခဲ့ကြောင်း ၊ ကျွန်းပေါ်ရှိရွာများကို လမ်းဖောက် လုပ်ခြင်း ၊ ကျောင်းဆောင် ဆောက် လုပ် ခြင်း၊ ငါးဖမ်းပိုက်များနှင့် လျှပ်စစ်မီတာများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းအတွက် ဆောင်ရွက် ပေးလျက်ရှိ ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန် ခဲ့သည်။ သို့သော် လည်း တချို့သောဒေ သခံ များကမူ ကုမ္ပဏီ၏ မြေယာလျော်ကြေးကိစ္စ၊ အလုပ်အကိုင် အခွင့် အလမ်းကိစ္စနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကိစ္စများနှင့် ပတ်သက် ၍ ဝေဖန်မှုများရှိခဲ့သည်။

လက်ရှိ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှု ပုံစံအရ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ယခုထက် ပိုမိုတိကျ သေချာသည့် သတင်းထုတ်ပြန်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ကာ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ပြည်သူများ၏ယုံကြည်မှုရယူကာ ဆောင်ရွက်သင့်ပေသည်။

ထို့အပြင် ဒေသခံများ၏ ရသင့်ရထိုက်သည့် မြေယာလျော်ကြေးပေးဆောင်မှု များကိုလည်း လျင်လျင် မြန်မြန်ဖြင့် ဆောင်ရွက်သင့်ပေ သည်။

သို့မှသာစီမံကိန်း အောင်မြင်ဖြစ်ထွန်းမှုအတွက် ပြည်သူများက ပိုမိုပူးပေါင်း ပါဝင် လာမည်ဖြစ်သည်။ ယင်း အပြင် ပိုက်လိုင်းဖြတ် သန်းရာဒေသ တစ်လျှောက် ပြည်သူများနှင့် ပိုမိုထိတွေ့ဆက်ဆံကာ ဒေသခံ ပြည်သူ များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုထက် ပိုမိုဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် အောင်မြင်သည့် ရလဒ် တစ်ခုကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ဒီမိုကရေစီတူဒေးသတင်းစာက အကြံပြု ရေးသားလိုက်ရ ပါသည်။

အယ်ဒီတာ(ဇန်နဝါရီ ၃၀၊ ၂၀၁၅)
Democracytoday‬

No comments:

Post a Comment