Wednesday, January 14, 2015

သတင်းတို အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲလိုစိတ် နည်းပါးကြောင်း NLD ပါတီ ဝေဖန်


သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးခေါင်းဆောင်များတွေဆုံသည့် နေပြည်တော်ဆွေးနွေးပွဲနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကြေညာချက် တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်ရာ အစိုးရ အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ပြောင်းလဲလိုစိတ်နည်းပါးပြီး လူထုဆန္ဒကို အလေးမထားကြောင်း၊ ဗဟိုချုပ်ကိုင်မှု ဆက်လက်ရှိနေပြီး လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက် မှု မရှိကြောင်း၊ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်သည့် အပြင် တရားရေးမဏ္ဍိုင်၌ ၀င်ရောက်စွက်ဖက်
မှုရှိကြောင်း၊ ယခုဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်တောင်းဆိုသည့် ၆ပွင့်ဆိုင်တွေ့ဆုံရေးကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့် ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည် အနှစ်သာရရှိသော ဆွေးနွေးပွဲများ စတင်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတော်အစိုးရက ဘက်လိုက်မှု ကင်းရန်လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဧရာဝတီ

No comments:

Post a Comment