Thursday, January 1, 2015

Ooredoo မှ ပြည်ပဖုန်းခေါ်ဆိုခများ ထပ်မံ လျှော့ချ

အော်ရီဒူးဆင်းမ်ကတ် အသုံးပြုသူများ အတွက် ပြည်ပ ဖုန်းခေါ်ဆိုခများကို ယမန်နေ့ မှစ၍ လျှော့ချပေးလိုက်ကြောင်း Ooredoo မြန်မာမှ သိရသည်။
“ပြည်သူတွေ အဆင်ပြေပြေသုံးစွဲနိုင် ဖို့ အော်ရီဒူးက အမြဲအစဉ်တစိုက် နားစွင့်ပြီး ၀န်ဆောင်မှုတွေကို ပေးအပ်သွားမှာပါ”ဟု Ooredoo မြန်မာမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ပြောသည်။
ယင်းကဲ့သို့ လျှော့ချရာတွင် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် (၂၀၀) ကျပ်သာ ကောက်ခံမည်ဖြစ်ပြီး အမေရိကန် နှင့် ကနေဒါ နိုင်ငံသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ် လျှင် (၁၀၀)ကျပ်နှုန်းသာကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ သြစတြေးလျ၊ သီရိလင်္ကာ၊ ဟောင်ကောင်၊ ပါကစ္စတန်၊ နီပေါ၊ နယူးဇီလန်၊ ဘရူနိုင်းနှင့် မကာအိုသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင်(၄၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။
ထိုမျှသာမက ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ အီတလီစသည့် ဥရောပနိုင်ငံများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် (၆၀၀)ကျပ်နှုန်း ဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
“ဒါ့ပြင် အော်ရီဒူး ဖုန်းတွေကို ပြည်ပ နိုင်ငံအသီးသီးကို ယူဆောင် အသုံးပြုနိုင်အောင် ကြိုးပမ်းနေပါတယ်”ဟု ဒေါ်သီရိကြာညိုက ဆိုသည်။
ပြည်ပ ဖုန်းခေါ်ဆိုခများ ဈေးနှုန်းလျှော့ ချသော်လည်း SMS စာတိုပေးခြင်းကိုမူ မည်သည့်နိုင်ငံမဆို (၁၅၀)ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အော်ရီဒူးဖုန်းအား မလေးရှား၊ ဖီလစ်ပိုင်၊ ကာတာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား စသည့်နိုင်ငံများ သို့ ယူဆောင်ပြောဆိုနိုင်မည် ဖြစ်ကြောင်း Ooredoo မြန်မာမှ သိရသည်။


Messenger News Journal

No comments:

Post a Comment