Thursday, January 1, 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိနေဟု ဒေါ်အောင်ဆန်းစုကြည်ကပြော

ရန်ကုန်၊ ပြည်သူ့လွှတ်တော်မှ အတည်ပြုထား သည့် ကြီးလေးကြီးအပါအဝင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် အဆင်သင့်ရှိ နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ဒီဇင်ဘာ ၃ဝ ရက်က ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌ပြုလုပ်သည့် သတင်း မီဒီယာ ရှင်းလင်းပွဲတွင် သတင်းထောက်များ ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''ခြောက်ပွင့် ဆိုင်ကို သဘောတူတာ ပြောထားပြီးသားပါ။ လွှတ်တော်မှာ တင်သွင်းတာကို မကန့်ကွက် ပါဘူး။ ဖြစ်မြောက်တာ၊ မဖြစ်မြောက်တာ ကျွန်မတို့အပေါ်မှာ မူမတည်ပါဘူး။ ကျွန်မ တို့ကတော့ ဆွေးနွေးမယ်ဆို ပါဝင်ဖို့အဆင် သင့်ပဲ''ဟု ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အ မျိုးသား လွှတ်တော်ဥက္ကဋ္ဌ သူရဦး ခင်အောင် မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသော်လည်း ယနေ့ အထိ အထမမြောက်ဘဲ ဖြစ်နေသည်။

ထို့ပြင် ယင်းသို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးအတွက် ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုထားသည့်တိုင် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်များတွင်လည်း ကြီးလေးကြီးအပါ အဝင် တိုင်းရင်းသားများအားလုံး ကိုယ်စား ပြုနိုင်ရေးအတွက် ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးရေးကိုလည်း ထပ်မံ တင်သွင်းအတည်ပြု ထားသည်။

သို့သော် ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရေးသာမက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေးပါ အထမမြောက်သေးဘဲဖြစ်နေကာ နိုင်ငံ တော်သမ္မတဦးသိန်းစိန် ဦးဆောင်သော အ စိုးရအဖွဲ့အနေဖြင့် တွေ့ဆုံမည်၊ မတွေ့ဆုံမည် ကိုမူ ယတိပြတ် အကြောင်းပြန်မှုများမရှိသေး ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းကာမူ ကြီးလေးကြီးအပါအဝင် နိုင်ငံရေးအင်အားစု များမှ ခေါင်းဆောင်များစုစုပေါင်း ၁၄ ဦး တွေ့ဆုံမှုကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကာ တွေ့ဆုံဆွေးနွေးမှုဟု အမည်ခံသော်လည်း သိသာသည့် အကျိုးရလဒ်တော့မရှိခဲ့ဟု ဆွေး နွေးမှုတွင်ပါဝင်သည့် ခေါင်းဆောင်အချို့က ဆိုသည်။

Yangon Media Group

No comments:

Post a Comment