Saturday, January 31, 2015

The Ideal Beauty ကမ္ဘာ့အလှအပဆိုင်ရာဝက်ဘ်ဆိုက်မှ ရွေးချယ်လိုက် သည့် ကမ္ဘာ့အလှဆုံးအလှမယ် Top 25 စာရင်းတွင် မြန်မာအလှမယ် ဟန်သီပါဝင်


ကမ္ဘာ့အလှ အပဆိုင်ရာ ဝက်ဘ်ဆိုက် (Beauty Pageant Website ) တစ်ခုဖြစ်သည့် The Ideal Beauty မှရွေးချယ်လိုက် သည့်ကမ္ဘာ့အလှဆုံးအလှမယ် Top 25 စာရင်းတွင်Miss Suprana-tional Myanmar 2014 အလှမယ် ဟန်သီပါဝင်နေကြောင်းသိရသည်။

အဆိုပါ ကမ္ဘာ့Beauty Pageant Website တစ်ခုဖြစ်သည့် The Ideal Beauty မှ၂၀၁၄ခုနှစ် အတွင်း နိုင်ငံတကာမှ ပြုလုပ်ခဲ့သည့် အလှမယ်များထဲမှ ကမ္ဘာ့အလှဆုံး အလှမယ်တစ်ဦးအား နှစ်စဉ်ရွေး ချယ်၍ ဆုတံဆိပ်များ ချီးမြှင့်ပေး လျက်ရှိကြောင်းသိရသည်။

''အဲဒီဝက်ဘ်ဆိုက်က နှစ်တိုင်း ကမ္ဘာ့အလှဆုံးအလှမယ်ကိုရွေးချယ် ပါတယ်။ မနှစ်ကလဲ ကျွန်တော်တို့ Organization ကနေပြီးတော့ ရွေး ချယ်ခဲ့တဲ့ အလှမယ် ခင်ဝင့်ဝါလဲ အဲဒီဝက်ဘ်ဆိုက်က ရွေးချယ်တဲ့ အလှ မယ်စာရင်းထဲမှာပါဝင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးအဆင့်ထိတော့ မပါခဲ့ပါ ဘူး။ ဒီနှစ်မှာလဲ အလှမယ်ဟန်သီပါ တယ်။ သူ့ကိုမဲပေးပြီးတော့အားပေးဖို့ လဲ တိုက်တွန်းပါတယ်''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန်ဇော်လတ်က ပြောသည်။

၂၀၁၄ခုနှစ်တွင်နိုင်ငံတကာ မှကျင်းပပြုလုပ်ခဲ့သည့်အလှမယ် ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုအ နေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အလှမယ် ၆၀ဝကျော်ရှိသည့် အနက် ၂၀၁၄ခုနှစ်အတွင်း ကမ္ဘာ့အလှဆုံး အလှမယ် အား ရွေးချယ်ရန်အတွက် Top 100 အား အရင်ဦးဆုံး ရွေးချယ်ခဲ့ ပြီး ယခုအခါတွင် Top 25 အား ထပ်မံရွေး ချယ်ခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။ ၂၀၁၄ ခုနှစ် အ တွက် ကမ္ဘာ့အ လှဆုံးအလှ မယ်အား ရွေး ချယ်ရာတွင် ပထ မဦးဆုံးရွေးချယ်ခဲ့ သည့် Top 100 စာ ရင်းတွင်Miss Supra-national Myanmar 2014 အလှမယ်ဟန်သီနှင့် Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

''ဟန်သီအရမ်းကို ဝမ်းသာ နေတယ်။ ဒီဝက်ဘ်ဆိုက်ကနေ ပြီးတော့ ကမ္ဘာ့အလှဆုံးအလှ မယ်ကို နှစ်စဉ် ရွေးချယ်ပေးနေ တာကိုတော့ သိပါတယ်။ ဒါပေမွဲှ့သစ ၂၅ စာရင်းထဲမှာတော့ပါ လာလိမ့်မယ်လို့တော့ မထင်ထား ခဲ့ပါဘူး။ နောက်တစ်ဆင့် တက်လှမ်းဖို့လဲ ဟန်သီမမျှော်မှန်းရဲသေး ပါဘူး။ နောက်တစ်ဆင့်ကို တက်လှမ်းဖို့က ဟန်သီကိုပရိသတ် အားပေးမှုအပေါ် မူတည်မှာပါ''ဟု အလှမယ်ဟန်သီက ပြောသည်။

ကမ္ဘာ့ Beauty Pageant Website တစ်ခုဖြစ်သည့် The Ideal Beauty မှရွေးချယ်သည့် Miss Supranational Myanmar 2014 စာရင်းဝင်သို့ ဝင်ရောက်နိုင်ရန်အတွက် ငျြှကစမညေအေငသညေူ ပြညောမေ ၂၀၁၄ အလှမယ် ဟန်သီအား ဇန်နဝါရီ ၂၉ရက်မှ စတင်၍ အွန်လိုင်းမှ တစ်ဆင့်မဲပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Miss Supranational Myanmar 2014 အလှမယ် ဟန် သီသည် Miss Supranational Myanmar 2014 အလှမယ်ပြိုင် ပွဲတွင် Miss Supranational Asia 2014 ဆုနှင့် Miss Internet ဆုတို့ ရရှိခဲ့သူတစ် ဦးဖြစ်သည်။

NN
Democracytoday‬

No comments:

Post a Comment