Saturday, January 31, 2015

ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သူရဦးရွှေမန်းပြော

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် သီး သန့်တွေ့ဆုံခဲ့သည့်အပြင် ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် တွေ့ဆုံမည့် အကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

ယခုလ ၃၀ ရက်က နေပြည် တော်ရှိ လွှတ်တော်အဆောက်အ အုံအတွင်း ပြုလုပ်သည့် သတင်း မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ၌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ ဆုံဆွေးနွေးရာတွင် နိုင်ငံတော် ကောင်းမွန်အောင် တည်ဆောက် ရေး ညှိနှိုင်း ဆွေးနွေးခဲ့ပြီး တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံရာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စများ၊ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံလုံခြုံရေးပိုင်းတွင် တပ်မတော်က ပါဝင်နေသည့် အခန်းကဏ္ဍများနှင့် လွှတ်တော်၌ ပါဝင်ရမည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မီဒီယာများအားပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို ပြည်ထောင်စုလွှတ် တော်တွင် ဆွေးနွေးရာ၌ ဒီမိုကရက်တစ် အင်အားစုများက ပြင် ဆင်ရန် တောင်းဆိုထားသည့် ပုဒ်မ ၄၃၆ နှင့် ၅၉ (စ)တို့ ပြင်ဆင်ရန် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက သဘောတူ သော်လည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များက ယင်းပုဒ်မများကိုပြင်ဆင်ခြင်းမပြု ရန် ဆွေးနွေးခဲ့သည်။

7Day DAILY

No comments:

Post a Comment