Saturday, January 31, 2015

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများအား TNLA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်မြို့နယ် အတွင်းရှိကျေးရွာများမှ တအာင်း လွတ်မြောက်ရေးအဖွဲ့ (TNLA) မှ ဒေသခံရွာသားများအား မူးယစ်ဆေးဝါး သုံးစွဲ သည်ဟု အကြောင်းပြကာ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နမ့်ဆမ်မြို့နယ်၊ ပန်ဟိုင်းကျေးရွာ၊ ပြောင်းပြန်ကျေးရွာ၊ မန်ပတ် ကျေးရွာများမှ ဒေသခံလူငယ် များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇောတိက(ခ)အိုက်ခမ်းတို့အား မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း ဒေသခံတစ်ဦးမှပြောသည်။

၎င်းကျေးရွာများအတွင်းသို့ TNLA အဖွဲ့မှ ၀င်ရောက်ကာ ရွာသားများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး ခေါ်ဆောင်ပြီးနောက် ၎င်းတို့ အဖွဲ့ အတွင်း သို့ အတင်းအကြပ်ဝင်ရောက်ခိုင်းခြင်းများ ပြုလုပ် လျက်ရှိပြီး ၀င် ရောက် ခြင်းမရှိပါက သက်ဆိုင်ရာမိသားစုများအား အကြောင်းကြား၍ ပိုက်ဆံဖြင့် လာရွေးခိုင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှပြောသည်။

TNLA အဖွဲ့သည် ယခင်က အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ဖြစ်ပြီး နောက်ပိုင်းတွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့၏ လက်အောက်သို့ ရောက်ရှိခဲ့ကာ KIA အဖွဲ့၏ လက်ကိုင်တုတ် သဖွယ်ဖြစ်လာ ခဲ့ပြီး နောက် ဒေသခံပြည်သူလူထုများအား KIA နည်းတူ ဆက်ကြေး ကောက်၊ လူသစ် အဖြစ်ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင် လာခဲ့ကြောင်း နမ့်ဆမ်မြို့ခံ တစ်ဦးမှ ပြောပြခဲ့ပါသည်။

မိုင်းအိုက်ပေါင်း (နမ့်ဆမ်)
Credit >>> Kachin Daily News

No comments:

Post a Comment