Saturday, January 31, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ငါးဆနီးပါး တိုးမြှင့်သုံးစွဲသွားမည်

 လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ကဏ္ဍကြီး သုံးခုအတွက် ငွေကျပ် ၁၄၀၉ဒသမ ၉၁၉ ဘီလီယံသုံးစွဲရန် လျာထား သတ်မှတ်ထားသဖြင့် ပညာရေး အသုံးစရိတ်သည် ၄ ဒသမ ၆ဆ ခန့်တိုးတက်လာမည်ဖြစ်ကြောင်း သိ ရသည်။

''ပညာရေးဝန်ကြီးဌာန သုံးစွဲ မယ့်ကဏ္ဍသုံး ရပ်ကတော့ အခြေခံ ပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် အခြားကဏ္ဍတို့ဖြစ်ပါ တယ်။အခြားဆိုတာက ဆရာအတတ်တို့၊ မြန်မာနိုင်ငံစာစစ်တို့ ဒီလိုအဖွဲ့အ စည်းမျိုးရဲ့ လျာထားချက်ကို တင်ပြ လိုခြင်းဖြစ်ပါတယ်။

ကျွန်တော်အလေး ထား တင်ပြလိုတာကတော့ ပညာ ရေးဝန်ကြီးဌာနက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၃၀၉ဒသမ ၇၁၄ ဘီ လီယံ ကနေပြီးတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၁၄၀၉ ဒသမ ၉၁၉ ကို ပညာရေး ကဏ္ဍမှာ ပိုမိုရင်းနှီး မြှုပ်နှံဖို့တင်ပြထားပါတယ်''ဟု

ပညာ ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ဇန်နဝါရီလ ၃၀ ရက်တွင် ကျင်းပ သော ပြည်ထောင်စု လွှတ်တော် အစည်းအ ဝေးတွင် ပြောသည်။

၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အမျိုး သားစီမံကိန်းဥပဒေကြမ်းနှင့်၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း တို့ နှင့်စပ် လျဉ်း ၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော် သို့ ရှင်းလင်းတင်ပြရာပညာရေးဝန် ကြီးဌာနက ယင်းတို့၏ အသုံးစရိတ် များကို တင်ပြခဲ့ခြင်းဖြစ်သည်။

အခြေခံပညာသည် အဓိက ကျသည့်အတွက် ယင်းကဏ္ဍ၏ ငွေ သုံးစွဲမှုသည် အခြားကဏ္ဍများ၏ ၈ ဒသမ ၄ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း၊ အဆင့်မြင့် ပညာကဏ္ဍသည် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းနှင့် ဆရာအ တတ်သင်ပညာ ကဏ္ဍသည် ၂ဒသမ ၄၇ ရာခိုင်နှုန်းနှင့် အခြား ကဏ္ဍအ တွက် ၁ ဒသမ ၇၄ ရာခိုင်နှုန်း ရှိမည် ဖြစ်ကြောင်း သိရသည်။

''အခြေခံပညာကဏ္ဍမှာ နှစ်အ လိုက် ဆရာ၊ ဆရာမများကို တိုးချဲ့ ခန့်ထားခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တုန်းက ၁၆၄၅၅၁ ဦး ခန့်ထားခဲ့ပြီးပါတယ်။ လာမယ့်နှစ် မှာတော့ ၃၉၆၇၇ရ ဦးခန့်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဆရာတွေ ကို ဘယ်လောက်တိုးချဲ့ခန့် ထားမလဲ ဆိုရင် ၂၃၂၀၀၀ ခန့်လောက်ဖြစ်ပါ တယ်။ အခြေခံပညာကဏ္ဍမှာ ၄ ဒသမ၄ဆခန့်လောက် တိုးမြှင့်မြှုပ်နှံ သွားမှာဖြစ်ပါ တယ်''ဟု ဒုတိယဝန် ကြီးက ဆက်လက်တင်ပြသည်။

လာမည့်နှစ်တွင် မူလတန်း ကျောင်းသားတစ်ဦးအတွက် ကျပ် ၁၁၀၀၀၀ ကျော် သုံးစွဲသွားမည်ဖြစ်ပြီး အလယ်တန်းကျောင်းသားတစ်ဦး အတွက် ငွေကျပ် ၁၁၅၀၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း၊အထက် တန်း ကျောင်းသား တစ်ဦး အတွက် ကျပ် ၁၁၇၀၀ဝကျော်သုံးစွဲ မည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍတွင် ကျောင်း သားကျောင်းသူ စုစုပေါင်း ငါးသိန်း ကျော်ရှိနေပြီး ယင်းကဏ္ဍ အတွက် ပညာရေးအသုံးစရိတ် ၅ ဒသမ ၄ ဆခန့် တိုးမြှင့်သုံးစွဲ သွားမည်ဖြစ် ရာ ကျောင်းသားတစ်ဦးအတွက် ၃၉၈၈၁ ကျပ်ခန့်သုံးစွဲ သွားမည်ဖြစ် ကြောင်း သိရသည်။

ATK
Democracytoday‬

No comments:

Post a Comment