Monday, February 23, 2015

စက်ရုံဝင်ပေါက်ပိတ်ဆို့ဆန္ဒပြခဲ့ခြင်းအပေါ် သက်ဆိုင်ရာသံရုံးများက အစိုးရကို ဖိအားပေးကန့်ကွက်


 သပိတ်မှောက်လုပ် သားများက စက်ရုံဝင်ပေါက်ပိတ် ဆို့ဆန္ဒပြခဲ့ခြင်းအတွက် အလုပ်ရှင်များ၏ သက်ဆိုင်ရာ သံရုံးများ က မြန်မာအစိုးရအား ကန့်ကွက်ဖိအားပေးမှုများ   ပြုလုပ်ထား ကြောင်း သတင်း ရရှိသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ အ ထည်ချုပ်စက်ရုံသုံးရုံတွင် လုပ်ခ လစာတိုးမြှင့်ပေးရေးအတွက် လုပ်သားများက စက်ရုံများရှေ့၌ ပိတ်ဆို့သပိတ်မှောက်မှုများ ရက်ရှည်ပြုလုပ်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော အလုပ်ရှင်များနစ်နာမှုများရှိနေသည့်အပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် သံရုံးများက အကြောင်း ကြားလာ ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။



‘‘မင်းတို့ နိုင်ငံက သူတို့နိုင်ငံ သားတွေကို အကာအကွယ်မပေး ဘူးလားပြောတယ်။ ကန့်ကွက်စာ လည်း ပို့တယ်။ ဘယ်သံရုံးတွေက တိုင်ကြားတယ်ဆိုတာ ပြောပြလို့ မရပါဘူး။ သံရုံးတွေက သူတို့နိုင် ငံသားတွေကို ဥပဒေအရ အကာ အကွယ်ပေးဖို့ ကန့်ကွက်စာတွေ ပို့ခဲ့တယ်’’ဟု ၎င်းက ပြောသည်။ အထက်ပါစက်ရုံများမှာ ကိုရီးယား၊တိုင်ပေနှင့် ဂျပန်နိုင်ငံတို့မှ လုပ်ငန်းရှင်များပိုင်ဆိုင်သော စက်ရုံများဖြစ်သည်။

ဇန်န၀ါရီလကုန်ပိုင်းက  စ တင်ခဲ့သည့် လုပ်ခလစာတိုးမြှင့် ပေးရေး သပိတ်မှောက်တောင်းဆို မှုများကြောင့် ယင်းစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများကျဆင်းနေ ခဲ့ပြီး ပြေလည်မှုရရှိရန် အစိုးရက ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်နေ သော်လည်း အများစုမှာပြေလည် မှုမရှိသေးပေ။

ဖေဖော်ဝါရီ ၂၀ ရက်တွင် စက်ရုံရှေ့သပိတ်စခန်းရှင်းလင်း မှုပြုလုပ်ခဲ့ပြီးနောက် အလုပ်သ မား ခေါင်းဆောင်အချို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော်လည်း ယခု အခါတွင် ထိန်းသိမ်းထားသူများ ကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆို သည်။

သပိတ်မှောက်ဖြစ်စဉ်နှင့် ဖေဖော်ဝါရီ ၂၀ ရက်က ဖြစ်ပေါ်ခဲ့ သော ရုန်းရင်းဆန်ခတ်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်မှုများပြုလုပ်ထားခြင်း မရှိသော်လည်း တရားမဥပဒေ ကြောင်းအရ အလုပ်ရှင်ဘက်မှ တရားရုံးဦးတိုက်လျှောက်ထားပြီး အရေးယူထားသူနှစ်ဦးသာရှိ သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့် အ လုပ်သမားဝန်ကြီး ဦးဇော်အေး မောင်က ပြော သည်။

‘‘ဒါက အလုပ်ရှင်ရဲ့ အခွင့် အရေးပါ။ သူ့ခြံတံခါးဝပိတ်ဆို့ ထားတဲ့အတွက် သူက တရားရုံး ဦးတိုက်လျှောက်ပြီး တရားမ ကြောင်းအရ အရေးယူတာပါ။ ရဲ အရေးယူပိုင်ခွင့် ဥပဒေကြောင်း အရတော့ အရေးယူထားမှုမရှိဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ ရဲမှူး မြင့်ထွေးက ပြောသည်။  အလုပ်သမားသပိတ်ကိုအင်အားသုံးရှင်းလင်းမှုနှင့် အရေးယူမှုများတွင် အလုပ်ရှင်ဘက်မှ တွန်းအားပေးမှု များကြောင့်လည်း ပါဝင်နိုင်ပြီး ရဲတပ်ဖွဲ့နှင့် အလုပ် သမားများသာ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကာ ပြေလည်မှု အဖြေထွက်ရှိခဲ့ ခြင်းမရှိဟု အီလန်မြန်မာအထည် ချုပ်စက်ရုံမှ မ၀င်းသီတာက ပြောသည်။


‘‘အခုထိလည်း မပြေလည် သေးဘူး။ သက်ဆိုင်ရာကလည်း အားလုံးကို စောင့်ကြည့်နေတယ်’’ ဟု ၎င်းက ဆိုသည်။

 တစ်လနီးပါးကြာ ဖြစ်ပေါ် နေသော အဆိုပါအလုပ်သမားလ စာတိုးမြှင့်ရေးတောင်းဆိုမှုများ တွင် အလုပ်သမားဝန်ကြီးဌာနက ပြေလည်မှုရရှိသည်အထိ ညှိနှိုင်း မှုပြုလုပ်ပေးသွားမည်ဖြစ်ပြီး တိုး တက်မှုများလည်းရှိနေပြီဟု ဒုဝန် ကြီး ဦးထင်အောင်က ပြောသည်။

7 Day Daily

No comments:

Post a Comment