Monday, February 23, 2015

အာဆင်နယ် ဖလားစိန်ခေါ်နိုင်သူ ဖြစ်မလာခြင်းကို နားမလည်နိုင်ဟု မော်ရင်ဟိုပြောကြား

လန်ဒန်- အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ၎င်းတို့၏အသင်းကို စိန်ခေါ်နေသင့်ကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး အာစင်ဝင်းဂါး၏ မှတ်တမ်းကိုလည်း ခနဲ့လိုက်သည်။
ပွဲပေါင်း ၁၂ ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင် အာဆင်နယ်မှာ ချယ်လ်ဆီး၏နောက် ၁၂ မှတ် ပြတ်ကျန်နေသည်။ မော်ရင်ဟိုက အာဆင်နယ်အသင်းကို ချီးကျူးပြီး ကစားပုံကိုလည်း ချီးကျူးခဲ့သည်။ ၀င်းဂါးမှာ အတိတ် မှတ်တမ်းကောင်းများကြောင့် ချန်ပီယံ ဖြစ်ရေး ထပ်မံစောင့်ဆိုင်းနိုင်ပြီး အိပ်မက်အလုပ်တစ်ခု ရထားသည်ဟု မှတ်ချက်ပြုသည်။

‘‘အာဆင်နယ်အသင်းဟာ မန်စီးတီးကို ကျွန်တော်တို့အသင်း နဲ့ အတူရှိမနေတာ နားမလည်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်းကို ကျွန်တော် နှစ်သက်ပါတယ်’’ဟု မော်ရင်ဟိုက ပြောကြားပြီး မူလကကောင်းပြီးသား အသင်းတွင် ဆန်းချက်ဇ်နှင့် ၀ဲလ်ဘတ်တို့ ထပ်မံပါဝင်လာ၍ ပိုမိုပြည့်စုံသော အသင်းဖြစ်လာသည်ဟု မော်ရင်ဟိုကဆိုသည်။
သို့ရာတွင် အာဆင်နယ် သည် စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ် တတိယနေရာသို့ ရောက်ရှိလာသည်။ အာဆင်နယ်တိုက်စစ်မှူး ဂျီရော့ဒ်ကလည်း အသင်းတွင် အိုဇေးလ်၊ ဆန်းချက်ဇ်နှင့် ကာဇိုလာတို့ ပါဝင်လာ၍ ၎င်းတို့ အသင်းမှာ မကြာမီ ကမ္ဘာ့အကောင်းဆုံး အသင်းများကို စိန်ခေါ်တော့မည်ဟု ယုံကြည်ကြောင်း ပြောသည်။
7 Day Daily

No comments:

Post a Comment