Friday, February 20, 2015

၂၀၁၅ စိန်ခေါ်မှုများနဲ့ သမ္မတကြီး ဘယ်လောက်သဘောထားကြီးနိုင်မလဲ


မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲ လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ရန် အခြေအနေများ စွာတို့က တွန်းအားပေးနေသော် လည်း နိုင်ငံတော်အုပ်ချုပ်မှုအာ ဏာသည် တပ်မတော်မှ လေ့ကျင့်သင်ကြားပေးထားသောသူများ၏ လက်ထဲတွင် သာရှိသင့်သည်ဟူသည့် နှစ်ပေါင်း ၅၀ ကျော် ဆုပ်ကိုင်လာသည့်အယူအဆကို လွယ်ကူပျော့ပျောင်းစွဲ မစွန့်လွှတ်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ အပြောင်းအလဲ သည် တစ်ခါတစ်ရံရပ်တန့်၍ အချို့အခြေအနေများတွင် နောက်ဆုတ်၍နေ သည်ကို တွေ့ရပါ၏။

လက်ရှိ မြန်မာနိုင်ငံ၏ အုပ် ချုပ်မှုအာဏာကို ရယူထားသော သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရအဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရရန် ဘက်ပေါင်းစုံ၊ နည်း လမ်းပေါင်းစုံဖြင့် ပြင်ဆင်နေရသလို တိုင်းပြည်၏ ပုံမှန်အစိုးရ ယန္တရားလည်ပတ်နိုင်ရေးအတွက်လည်း ဆောင် ရွက်နေရသဖြင့် ဖိအားများစွာရင်ဆိုင်နေရပုံပေါ်ပါသည်။

ယခင်စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် ဦးသိန်းစိန်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မဟာဗျူဟာမြောက်ချုပ်ဆိုထား သော စီမံကိန်းစာချုပ်များအနက် အချို့ကို ရပ်ဆိုင်းထားခြင်းနှင့် အချို့ကိုဆက်လက်လုပ်ဆောင်ခွင့်ပြုခဲ့ရသည် ကို ထောက်ချင့်လျှင် အိမ်နီးနားချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ဖိအားသည်လည်း ဝန်ကြီးချုပ်တစ်ဖြစ်လဲ သမ္မတကြီးဦးသိန်းစိန်အပေါ် အလွန်အမင်းသက်ရောက်နေသည်ဟု ရှုမြင်မိပါ၏။

တရုတ်နိုင်ငံ၏ မဟာဗျူဟာ မြောက်စီမံကိန်းများတွင် မြန်မာ နိုင်ငံအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ပြည်နယ်တစ်ခုကဲ့သို့ အုပ်စီးရန် ရည်ရွယ်ချက်အထိပါ နေသည်ဟု အချို့သတင်းများ တွင် ဖတ်ရှုမိပါသည်။ ထိုစီမံကိန်း သည် တရုတ်နိုင်ငံ၏ ပုလဲသွယ် သီအိုရီကို အကောင်အထည်ဖော် ရေးဟူသည့် လုပ်ငန်းစီမံချက်ထဲ တွင်ပါသည်ဟု နိုင်ငံတကာ နိုင်ငံ ရေးသုတေသီများ သုံးသပ်ကြ သည့်အခါ လက်ရှိမြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံခြားရေးရာ မူဝါဒများကို သတိထားကိုင်တွယ် နေရသည့်အချိန်အခါလည်း ဖြစ် နေပြန်ပါသည်။

ထိုမျှမကသေးပါ။ ပြည် တွင်းတွင် မကြာခဏဖြစ်ပွားနေ သော အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ၊ လယ်ယာမြေသိမ်း ဆည်းထားမှုပြဿနာများသည် အစိုးရအဖွဲ့၏ ဖြေရှင်းပေးနိုင် သည့်ဘောင်ကို မကြာခဏကျော် လွန်နေသည်ကိုလည်း တွေ့ရှိရ ပါသည်။

အဘယ်ကြောင့်ဆိုသော် အစိုးရအဖွဲ့ဝင်များ၏ လုပ်နိုင် စွမ်းရည် အကန့်အသတ်ရှိမှုနှင့် နှစ်ပေါင်း ၅၀ အသားကျနေခဲ့ သော ဗျူရိုကရေစီ ယန္တရားတို့ ကြောင့် စိတ်ထင်တိုင်းမပေါက်၊ ခရီးမရောက်သည့် အဖြစ်အပျက် များစွာတွေ့မြင်ရ၍ ဖြစ်ပါသည်။

ယခုလတ်တလောအချိန် တွင် ပညာရေးဝန်ကြီးဌာနက မိမိတို့လိုချင်သလိုရေးဆွဲတင်ပြ လိုက်သည့် ပညာရေးဥပဒေမူ ကြမ်းကို ပြည်ထောင်စုလွှတ်တော် က အတည်ပြု၍ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းရာမှအစပြု၍ အာဏာရှင်စနစ်ကို မိတ်ကပ် လိမ်း၍ ကျောင်းသားနှင့် ဆရာ များကို ဖိနှိပ်ချုပ်ချယ်ကာ အမိန့်၊ ညွှန်ကြားချက်များအား ဘောင် ဝင်အောင် ဥပဒေပြုသည်ဟူသည့် စွပ်စွဲချက်များဖြင့် အမျိုးသား ပညာရေးဥပဒေကို ကျောင်းသား များက ကန့်ကွက်ဆန္ဒပြနေသည် ကို တွေ့မြင်နေရပါသည်။ ထို လှုပ်ရှားမှုကို မြန်မာနိုင်ငံ၏ မထိ ရောက်သောအပြောင်းအလဲကို ခြိမ်းခြောက်နိုင်သည့် လှုပ်ရှားမှု တစ်ရပ်အဖြစ် လက်ရှိအစိုးရမှ ရှုမြင်နေသည်လားဟူသည့် မေး ခွန်းထုတ်စရာ ပုစ္ဆာတစ်ရပ်ဖြစ် သလို အာဏာရပါတီကြီးဖြစ် သော ပြည်ခိုင်ဖြိုးပါတီအတွက် လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ် သည်ဟု ရှုမြင်မိပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်းဖြစ်စဉ်ကိုပြန် ကြည့်လျှင် ကျောင်းသားများ၏ နိုင်ငံရေးနိုးကြားမှုကြောင့် အကွေ့အချိုးများကြီးမားစွာဖြစ်ပေါ်ခဲ့ သည်ကို မြင်နိုင်ပါသည်။ မြန်မာ နိုင်ငံ၏ ပထမဆုံးကျောင်းသား သပိတ်သည် ၁၉၂၀ ပြည့်နှစ် အင်္ဂလိပ်လက်အောက် ကိုလိုနီ ဘဝတွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို လက်မခံနိုင်သဖြင့် ကျောင်းသားများ စတင်ဆန္ဒပြ၍ သပိတ်တိုက်ပွဲအသွင်ဖြစ်ပေါ် လာခဲ့ပါသည်။

ထိုကျောင်းသား သပိတ်မှ စတင်၍ကျောင်းသားများ နိုင်ငံရေးအသိစိတ်များနိုး ကြားလာရာ မှ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုများတွင်ပါဝင်လာကြပြီး ဦးဆောင်သူအခန်းကဏ္ဍအထိ ရောက်ရှိလာခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။ ထို ပထမ ကျောင်းသားသပိတ်စတင်သည့် အချိန်တွင် ကျောင်းသားသမဂ္ဂ ဟုပင် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ ခြင်းမရှိသေးပေ။

၁၉၃၁ မှသာ အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းသားသမဂ္ဂကို အတုယူပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(တက သ)ကို စတင်ဖွဲ့စည်းထူထောင် ခဲ့ကြသည်။ ထိုအချိန်မှစတင်၍ ကျောင်းသားသမဂ္ဂများမှ ဗိုလ် ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဦးသိန်းဖေ (သိန်းဖေမြင့်)အစရှိသော နိုင်ငံရေး သမားကောင်း၊ ခေါင်းဆောင်ကောင်းများပေါ်ထွက်လာခဲ့သည်ကို တွေ့ရှိရပေသည်။

ထိုကဲ့သို့သော နိုင်ငံရေး သမားကောင်းများကို မွေးထုတ် ပေးရာ ကျောင်းသား သမဂ္ဂဟူ သည့် အဖွဲ့အစည်းသည် တစ် ပါတီအာဏာရှင်စနစ်ကို မြန်မာ နိုင်ငံ တွင်စတင်၍ မျိုးစေ့ချထူ ထောင်ခဲ့သော ဗိုလ်ချုပ်ကြီးနေ ဝင်းလက်ထက်တွင် အမြစ်လှန်၍ သုတ်သင်ခြင်းခံခဲ့ရလေသည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း၏ အကျိုး ဆက်ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးသမားမျိုးဆက်ပြတ်ခဲ့ရပါ သည်။ ထို့အပြင် ပြည်သူပြည်သား တို့၏ နိုင်ငံရေးအသိအမြင်များ ရှင်သန်ဖွံ့ဖြိုးလာရေးကို ပိတ်ဆို့ ဖျက်ဆီး၍ မိမိအာဏာတည်မြဲ ရေးကို လုပ်ဆောင်လာသောအခါ အာရှတွင် သယံဇာတပေါကြွယ်ဝသည်ဟု သတ်မှတ်ထားခြင်းခံရ သော မြန်မာနိုင်ငံသည် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ကျရောက်ခဲ့ပါတော့သည်။

ထိုသို့ မြန်မာနိုင်ငံ၏ လွဲမှား သောမူဝါဒများကြောင့် ၁၉၈၈ တွင် လူထုဆူပူအုံကြွမှုတော်လှန် ရေးတစ်ရပ်ဖြစ်လာပြီး မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီပြိုလဲခဲ့ ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် လွတ်လပ်သန့်ရှင်းသော ရွေး ကောက်ပွဲတစ်ရပ် ကျင်းပနိုင်ခဲ့ပြီး ပြည်သူများက နှစ်ပေါင်း ၂၆ နှစ် အတွင်း ပထမဆုံးသော မိမိတို့ သဘောဆန္ဒအမှန်အတိုင်း အုပ် ချုပ်သူအစိုးရတစ်ရပ်ပေါ်ပေါက် လာစေရန် ခွင့်ပြုပေးခြင်းခံခဲ့ရ လေသည်။

နိုင်ငံတော်၏ အုပ်ချုပ်မှု အာဏာသည် တပ်မတော်မှသာ ဆင်းသက်ရမည်ဟု ထင်မြင်ယူ ဆချက်၊ အယူဝါဒအားကောင်းနေဆဲဖြစ်သည့်အတွက် ပြည်သူ ကရွေးချယ်သော ပြည်သူ့အစိုးရတစ် ရပ်ဖွဲ့စည်းတည်ထောင်ခွင့်သည် သဲပြင်တွင် အရုပ်ရေးသည့်နှယ် အရာမထင်ဖြစ်ခဲ့ရပြီး တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံး အလိုဟုအကြောင်းပြကာ တပ် မတော်ကပင် အာဏာကိုဆက် လက်ထိန်းသိမ်းထားခဲ့ပြန်ပါ၏။

ထိုသို့သော တပ်မတော်ဗဟို ပြု၊ အုပ်ချုပ်ရေးယန္တရားကြောင့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းများ ဆင့်ကဲဆင့် ကဲ ရင်ဆိုင်လာရပြန်တော့သည်။ မြန်မာနိုင်ငံ၏ ထိုကဲ့သို့သော အကျပ်အတည်းများကို အမှီပြု၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိ စပ်နေသော တိုင်းပြည်များက ဝင် ရောက်အမြတ်ထုတ် ကိုယ်ကျိုး ရှာနိုင်ခဲ့သည်ကို လည်း တွေ့ရှိရ ပြန်ပါသည်။ ယနေ့အချိန်အခါ တွင်ကား ထိုကဲ့သို့သော အထွေ ထွေအကျပ်အတည်းများကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက် တစ်စုံတစ်ရာရှိလာခဲ့ပြီဖြစ်သည်။

၂၀၀၈ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အတူ အရပ်သားနှင့် ယောင်ယောင်တူသော အစိုးရ တစ်ရပ်ပေါ်ပေါက်လာခဲ့ သလို ပြည်သူပြည်သားတို့၏ ရပိုင်ခွင့် တို့သည် အနည်းအကျဉ်းမျှရရှိ လာခဲ့သောကြောင့် နိုင်ငံတကာမှ နိုင်ငံရေးလေ့လာသူများ၊ အစိုးရ အဖွဲ့များ၏ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများအပေါ် ကမ္ဘာ့ စံနမူနာတစ်ရပ်အဖြစ် စံထား သတ်မှတ်လာခဲ့ကြပါ၏။ ထိုသို့ ပြောင်း လဲမှုဖြစ်စဉ်သည် အချော အမွေ့ကြီးဖြစ်အောင် ဖော်ဆောင်၍မရသောကြောင့် အပွတ်အ တိုက်များစွာရှိခဲ့သော်လည်း နိုင်ငံ ရေးကစားကွက်ကို နှစ်ကာလများ စွာ အသာစီးယူထားသူတို့၏ အထိုက်အလျောက်မာန်လျှော့မှု၊ ပြည်သူများ၏ ခွင့်လွှတ်နားလည် ပေးနိုင်မှုတို့ကြောင့် ခရီးရောက် တန်သရွေ့ မရောက်သော်လည်း အရွေ့တစ်ခုအဖြစ် ပီပီပြင်ပြင် မြင်နိုင်သော အခြေအနေတစ်ရပ် ကို ဖော်ဆောင်လာနိုင်ခဲ့သည်ဟု ထင်မြင်မိပါသည်။

လက်ရှိအချိန်တွင်ကား မြန်မာနိုင်ငံ၏ အနောက်ဘက်ခြံ စည်းရိုးကျူးကျော်မှုကြောင့် ဖြစ် ပေါ်လာသော ခိုးဝင်ဘင်္ဂါလီအရေးကိစ္စများ၊ ကိုးကန့်ကာကွယ်ရေးခေါင်းဆောင်ဦးဖုန်ကြားရှင်ပြန်လည်ခေါင်းထောင်လာ၍ ၎င်းစိုးမိုးခဲ့သော ဒေသများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာမှု စသည်တို့မှာ မြန်မာနိုင်ငံ၏ အချုပ်အခြာကို ခြိမ်းခြောက်နေသော ဖြစ်ရပ်များဟု ရှုမြင်မိပါသည်။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရေးပါမှုနှင့် အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယတို့၏ အင်အားကြီးမားလာမှု၊ လူဦးရေတိုးပွားမှုနှုန်းမြင့်မားသလို ယခုနောက်ပိုင်း မြန်မာထက် အစစအရာရာသာလွန်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာအပေါ် သဘောထားကို အမြဲစောင့်ကြည့်ရန်နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန်မှာလည်း အရေးကြီးသည်။

ထိုဖြစ်ရပ်များကို ပြေလည် အောင်ဖြေရှင်းရမည့်ကိစ္စများ၊ ပြည်တွင်းလက်နက်ကိုင်ညီနောင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်း ရေးရယူရမည့်ကိစ္စများအပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ ပါတီဆက်လက်အာဏာရရှိရန် ပြည်တွင်း ရှိ ပြည်သူများ၏အမြင် တွင် ပုံရိပ်ကောင်းရရှိစေရန် ကြိုး ပမ်းဆောင်ရွက်ရ မည်ဖြစ်သဖြင့် လက်ရှိ အစိုးရအဖွဲ့အတွက် ၂၀၁၅ သည် စိန်ခေါ်မှု များနှင့် ပြည့်နေသောကာလ တစ်ခုဖြစ် သည်ဟု သုံးသပ်မိပါသည်။

ထိုစိန်ခေါ်မှုများကို ကျော် လွှားနိုင်ရေးသည် ဖြစ်ပေါ်လာ သမျှသော အကျပ် အတည်းများ ကို မိမိတို့အတွက်မဟုတ် နိုင်ငံအတွက်ဟုသာ ဦးတည်သော စိတ်သဘောထားများ၊ ဖွင့်ထားသောစိတ်ဓာတ်များကိုအရင်းတည်၍ ပုဂ္ဂိုလ်စွဲ၊ မူဝါဒအစွဲများ ဖျောက်ကာ ပြည်တွင်းအင်အားကို ခိုင်မာကျစ်လျစ်အောင် တည်ဆောက်နိုင်ရေးပင်ဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။

7Day News Journal

No comments:

Post a Comment