Sunday, February 1, 2015

ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်း များကို နှစ်စဉ်တွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းနေ၍ စာရင်း စစ်ချုပ်မှ တရားစွဲဆိုနိုင်သည့် ဥပဒေများပြဋ္ဌာန်းရန် လိုအပ်နေကြောင်း ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ သုံးသပ်


ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာအရ ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်း မျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်းများကို နှစ်စဉ်တွေ့ရှိသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းနေ၍ လိုက်နာမှုမရှိသကဲ့သို့ ဖြစ်နေသည့် အတွက် စာရင်းစစ်ချုပ် မှ တရားစွဲဆိုနိုင်သည့်ဥပဒေများ ပြဠာန်းရန် လိုအပ်ေ နကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ် ထားသည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် လွှတ်တော်ပေါ်ပေါက်ပြီး လေးနှစ် တာကာ လအတွင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် သုံးစွဲခြင်းမျိုးကို နှစ်စဉ်တွေ့ရကြောင်း၊ ငွေကြေးများကို စုဆောင်း ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်းများကိုလည်း နှစ်စဉ်တွေ့ရကြောင်း၊ အရေးယူဆောင်ရွက်မှု အားနည်းသည့်အတွက် နှစ်စဉ် လိုက်နာမှုမရှိ သကဲ့ သို့ဖြစ်နေသည်ဟု ယူဆရကြောင်း၊ ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင် သင့်ကြောင်း သုံးသပ်ထားသည်။

အချို့ငွေကြေးများ ပြန်လည်ပေးသွင်းခြင်းမရှိသည်ကို စာရင်းစစ်ချုပ်ရုံးက တွေ့ရှိ သည့်အတွက် ပြန်လည်ပေးသွင်းစေကြောင်း၊ သို့ရာတွင် အရေးယူဆောင်ရွက်မှု မရှိသည့်အတွက် ပေးသွင်းရန် မလိုသကဲ့သို့ဖြစ်နေကြောင်း၊ ထို့အတွက် ပြည်သူ့ ဘဏ္ဍာများ ဆုံးရှုံးရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာရင်းစစ်ချုပ်ရုံးမှ ဝန်ကြီးဌာနများအား စစ်ဆေးရာတွင် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်ချက် အများအပြား စိစစ်တွေ့ ရှိသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ထိရောက်သည့် အရေးယူ မှုများမရှိကြောင်း၊ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများအား ပြန်လည်သုံးသပ်ပြီး လိုအပ်ပါကပြင်ဆင်ရန်၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဥပဒေကဲ့သို့ ဥပဒေအသစ်များ ရေးဆွဲပြဠာန်ခြင်းများ ဆောင်ရွက်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

ထို့အပြင် ဝန်ကြီးဌာနများ၏ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ေ ဆးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များကို အရေးယူဆောင်ရွက်မှုများကို အစီရင်ခံသော်လည်း ဝန်ကြီးဌာနများမှ လိုက်နာမှုအားနည်းနေကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက် ချက်များ ပိုမိုများပြားလာကြောင်း၊ တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း၊ လိုအပ်ပါက စာရင်းစစ်ချုပ်မှ တရားစွဲဆိုနိုင်သည့် ဥပဒေများ ပြဠာန်းရန် လိုအပ်ေ နကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အကြံပြုထားသည်။

ကော်မတီ၏ အစီရင်ခံစာတွင် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ်၏ ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ မြေကွက် ရောင်းချထားသည့် ရရှိငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၈ဝ၈၄ဝ၂ ဒသမ ၈၁ ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော် ဘတ်ဂျက်မှ လမ်းနှင့် မီးများအတွက် နှစ်စဉ် အသုံးစရိတ်တောင်းခံ သုံးစွဲလျက် ရှိသည့်အတွက် ၎င်းမြေဖော်ထုတ်စရိတ် ထုတ်ပေးငွေ အမေရိကန်ဒေါ်လာ ၆ဝ၄၉၃၁ဝ ဒသမ ဝ၁ အား မည်သည့်နေရာ၊ မည်သည့်ကိစ္စတွင် သုံးစွဲခဲ့သည်ကို အသေးစိတ်ဖော်ပြရန်၊ နိုင်ငံတော်ဘတ်ဂျက်နှင့် သုံးစွဲခဲ့သည်များကို အသေး စိတ်နှိုင်းယှဉ်စိစစ်ရန် လိုအပ်ကြောင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှု တိုးတက်များပြားလာ သည့် အတွက် ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာဥပဒေ ရေးဆွဲပြဠာန်းရန် လိုအပ်ကြောင်း ကော်မတီက မှတ်ချက်ပြုထားပြီး အဆိုပါ ဥပဒေအား ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရေးဆွဲနေကြောင်း သိရသည်။

အစိုးရဌာနအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်အဆက်ဆက် ကြွေးကျန်များ နိုင် ငံတော်သို့ ပြန်လည်ပေးသွင်းရန်များ ရှိကြောင်း၊ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်ရုံးမှ ကျပ် ၃၄သန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ် ၄၁၉ သန်း၊ သတ္တုတွင်းဝန်ကြီးဌာနမှ ကျပ် ၃၁၆ သန်း နှင့် ရွှေစင် ၈၆၆၇၇ ကျပ်သား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျပ် ၃၃ဝ၄ သန်း စသည် ဖြင့် ဝန်ကြီးဌာနများအလိုက် ကြွေးကျန်များအား ဖော်ပြထားသည်။ 

Writer: 
စိုးမင်းထိုက်

No comments:

Post a Comment