Tuesday, February 24, 2015

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်ချက် ၇၅ ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်း

မျိုးစောင့်ဥပဒေ လေးမျိုးတွင် ပါဝင်သည့် မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီက ပြင် ဆင်ချက် ၇၅ ချက်ဖြင့် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းလိုက် ကြောင်း သတင်းရရှိသည်။
အဆိုပါ ဥပဒေကြမ်းကို ယခုလ ၂၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး၌ပြည်ထောင်စုတရားလွှတ်တော် ချုပ်က တင်သွင်းခဲ့ကာ ဖော်ပြပါ ကော်မတီမှလည်း ပြင်ဆင်ချက် များ ပါဝင်သည့် ဥပဒေကြမ်းကို တစ်ပြိုင်နက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

‘‘ဥပဒေကြမ်းတစ်ခု တင် သွင်းလာပြီဆိုရင်တော့ ကျွန် တော်တို့ ကော်မတီက အရင်ဆုံး စိစစ်ရတယ်။ ပြီးရင် ပြင်ဆင်ချက် တွေနဲ့ အစီရင်ခံစာထွက်တယ်။ လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ အဆုံး အဖြတ်ယူရင် ကော်မတီပြင်ဆင် ချက်ပေါ် မူတည်ပြီးဆုံးဖြတ်တာ ကြောင့် ဒီပြင်ဆင်ချက်အတိုင်း အတည်ဖြစ်တာက များပါတယ်’’ ဟု ဥပဒေကြမ်းကော်မတီဝင် တစ်ဦးက ပြောသည်။
ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီသည် ဇန်န၀ါရီ ၁၂ ရက်တွင် ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များမှ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ညှိ နှိုင်းခဲ့ပြီး အထက်ပါ ပြင်ဆင်ချက် များကို ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ကော်မတီမှ လွှတ်တော်သို့ တင် သွင်းသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ ပြင်ဆင်ချက်များ တွင် ဥပဒေကြမ်း၌ ပါရှိသည့် အ ခန်း (၂)ကို ပယ်ဖျက်ခဲ့ပြီး အခြား ပြင်ဆင်ချက် များမှာ စကားလုံးအ ထားအသို ပြင်ဆင်ခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ်အခန်းတွင် ထည့်သွင်း ထားသည့် ပြစ်မှု ဆိုင်ရာ ပုဒ်မများ အား မူရင်းဥပဒေ၌ ပါရှိသည့် ထောင်ဒဏ်များဖြင့် အစားထိုး ခြင်းစသည့် ပြင်ဆင်ချက်များ ထည့်သွင်းထားသည်။
ယင်းဥပဒေကြမ်းကို ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်းပေးရန် တောင်းခံ ထားပြီး ပြည်သူ့လွှတ် တော်တွင် ဆွေးနွေးမည်ဖြစ်ကာ ဆွေးနွေးအတည်ပြုပြီးသည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်သည်။
7Day Daily

No comments:

Post a Comment