Tuesday, February 24, 2015

စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်းများ တပ်မတော် သိမ်းပိုက်


ဖေဖော်ဝါရီ ၂၃ ရက်တိုက်ပွဲများတွင် တပ်မတော်မှ သုံးဦးကျ၊ ခုနစ်ဦးဒဏ်ရာရ၊ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့မှ ခြောက်ဦးသေ
လောက်ကိုင်−ကုန်း ကြမ်းကားလမ်းပေါ်ရှိ ၁၈ မိုင် လမ်းဆုံအနီးတစ်ဝိုက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ ခြေ ကုပ်ယူထားသော စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်း များကို တပ်မတော်က သိမ်းပိုက် နိုင်ပြီး နောက်တစ်နေ့တွင် အခြားနေရာ၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားရာ နှစ်ဖက်ကျဆုံး မှုများရှိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။



ဖေဖော်ဝါရီ ၂၃ ရက်တွင် လောက်ကိုင်မြို့ အရှေ့တောင် ဘက် တရုတ်-မြန်မာ နယ်နိမိတ် မှတ်တိုင် အမှတ် (၁၂၇) အနီး ၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့ များနှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကိုးကန့်တိမ်းရှောင် လက်နက်ကိုင်အဖွဲ့မှ အလောင်း ခြောက်လောင်းနှင့် အမ် ၂၂ သေ နတ် လေးလက် သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော်မှ စစ်သည် သုံး ဦးကျဆုံးကာ အရာရှိစစ်သည် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင်ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈မိုင်လမ်းဆုံ အနီးတစ်ဝိုက်၌ ကိုးကန့် တိမ်းရှောင်အဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို သိမ်းယူပြီးနောက်တပ်မတော် စစ်ကြောင်းများက ကိုးကန့်သောင်း ကျန်သူအဖွဲ့များ ဆုတ်ခွာသွားသည့် တောင်ကုန်းများ ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းခဲ့သည်။

ထိုသို့ လိုက်လံရှင်းလင်းရာ အမ် (၂၁) တစ်လက်၊ အမ် (၂၂) ခုနစ်လက်၊ ၀င်ချက်စတာ တစ် လက်၊ အမ် (၂၂) ကျည်အိမ် ၁၄ ခု၊ အမ် (၂၂) ကျည် ၅၀၈ တောင့်၊ပလတ်စတစ် နင်းမိုင်းနှစ်လုံး၊ ရှေ့ ထွက်မိုင်း တစ်လုံး၊ လက်ပစ်ဗုံး ၂၅ လုံး၊ လက်မောင်းတံဆိပ်မပါ ရှိသည့် ယူနီဖောင်း သုံးစုံ၊ ဗွီဂို အမျိုးအစား ဖိုးဝှီးယာဉ်တစ်စီး၊ တိုက်ဂါးအမျိုးအစား ဖိုးဝှီးယာဉ် တစ်စီးနှင့် ဆိုင်ကယ် ခုနစ်စီးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၃ ရက် ညနေတွင် လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာဝန် ထမ်းများအား လားရှိုးမြို့သို့ ပို့ ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းကို ပါစင်ကျော်ကျေး ရွာနှင့် ချင်းရွှေဟော်ကြားရှိ လုံ ထန်ရွာအနီးတွင် ကိုးကန့်လက် နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်။ထို့နောက် တိုက်ပွဲဖြစ်ပွားရာတပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူတစ်ကြိမ်ပေးခဲ့ရကာ ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်တန်း၌ လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ ၀န်ထမ်းတစ်ဦး၊ အကျဉ်းသူ ၄၄ ဦးနှင့် စစ်သည်တစ်ဦး ထိခိုက်ဒဏ် ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများ အား ကွမ်းလုံမြို့ ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သတင်းထုတ် ပြန်သည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော်မှ ပြန်သိမ်းပိုက်နိုင်ခဲ့သော တောင်တုန်းအချို့ တည်နေရာပြ မြေပုံ

ယခုလ ၉ ရက်မှစတင်၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်အထိ တပ်မတော်မှ ၆၀ ဦး ကျဆုံးခဲ့ကာ ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ ၈၀ ဦးသေဆုံးခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကိုးကန့်ဒေသတွင် လုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေး တာဝန် ထမ်းဆောင် နေသော တပ်မတော်သားအချို့ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အောင်သစ်လွင်)
7Day Daily

1 comment:

  1. ကျည်ကာအင်းကျီ ကျည်ကာဦးထုတ်နဲ့  အရမ်းမိုက်တယ်ဗျာ။တပ်မတော်သားတယောက်ကိုဒီလိုခန့် ခန့် ညားညားမြင်ရမှတပ်မတော်ကိုဝင်ေ၇ာက်စစ်မှု့ ထမ်းချင်တဲ့ လူတွေများမှာပေါ့ ။တိုက်ပွဲဝင်နေသူတွေအားလုံးကိုထုတ်ပေးပါဗျာ။ ဒါမှတပ်မတော်လဲအင်အားပြုန်းတီးမှူ့  မရှိမှာ။တပ်မတော်သားတွေဘေးအန္တရယ်ကင်းဝေးကြပါစေ။

    ReplyDelete