Monday, February 2, 2015

လူမှုကွန်ယက်မှာ သူငယ်ချင်းနဲ့ ပုံတင် ထားတာကို ရေးကြီး ခွင်ကျယ် လျှောက်ပြော နေကြတာပါ လို့ဆိုတဲ့ ခိုင်နှင်းဝေ


သူမရဲ့ ပရိသတ်များနဲ့ ခဏတာ အဆက်အသွယ်ပြတ်ခဲ့ပြီး လက်ရှိမှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာတဲ့ ခိုင်နှင်းဝေပဲက သူမကိုယ်တိုင် သုံးနေတဲ့ Facebook account မှာ အတွဲပုံပရိုဖိုင်းဓာတ်ပုံ နဲ့ Cover ဓာတ်ပုံတွေ တင်ထားတာမို့ သူမကို ချစ်တဲ့ ပရိသတ်တွေအနေနဲ့ ဘယ်သူများလဲရယ်လို့ သိချင်နေကြပါတယ်။ ဒါကို ပရိသတ်တွေကိုယ်စား သူမကို မေးကြည့်လိုက်တော့ “အစ်မက တစ်ဦးတည်းသော သမီးပါ။ သူငယ်ချင်း အပေါင်းအသင်း မရှိဘူး။ မိတ်ဆွေအပေါင်းအသင်းလဲ မရှိဘူး။ အစ်မမှာ သူငယ်ချင်း ၂ ယောက်ပဲ ရှိတယ်။ တစ်ယောက်က ဘဏ်မှာ လုပ်နေတဲ့ ကောင်မလေး။ နောက်တစ်ယောက်က သူပေါ့။



သူဆိုရင် မတို့နဲ့ ၇ တန်းထဲက ခင်မင်လာတယ်။ အနုပညာမျိုးရိုးချင်းကလဲ တူတယ်ဆိုတော့ ခင်တယ်။ မင်တယ်။ အဖော်အဖြစ်နဲ့ နေပေးတယ်။ ပြီးတော့ ဓာတ်ပုံ တွဲရိုက်ပြီး တင်တယ်။ ဒီလိုပါပဲ။ အဲ့ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေကြတာပါ။ အဲ့ဒါကိုတော့ တော်တော်အံ့သြပါတယ်။ လူတွေကိုလဲ တခါတခါ အံ့သြပါတယ်။ ဒါပေမဲ့ ဘယ်လိုခံယူထားလဲဆိုတော့ ပရိသတ်အတွက် အစ်မကြိုးစားတယ်။ ပရိသတ်အတွက် အစ်မ တစိုက်မတ်မတ် လုပ်တယ်။ ဒါပါပဲ။ ပုံတင်တယ်ဆိုတာကတော့ အစ်မတို့ သူငယ်ချင်း အပေါင်းအသင်း ခင်မင်ရာ ခင်မင်ကြောင်း ခေတ်လူငယ် တစ်ယောက်အနေနဲ့ ခင်တဲ့မင်တဲ့သူနဲ့တွဲပြီး ရိုက်ကြတယ်။ ပုံတင်ကြတယ်။ ဒါပါပဲ။ ဒါကိုရေးကြီးခွင်ကျယ်တွေဖြစ်သွားကြတာပါ။ ဘာမှ မဟုတ်ပါဘူး” လို့ သူမက ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ခိုင်နှင်းဝေဟာ ရင်ဘတ်ထဲက ကျောက်စာဆိုတဲ့ ဇာတ်ကားမှာ မိဘမဲ့ ကလေးကျောင်းက ကျောင်းဆရာမ တစ်ယောက်အနေနဲ့ပါဝင် သရုပ်ဆောင်ထားပြီး ဗီဒီယိုကားတွေ ဆက်တိုက်ရိုက်ကူးဖို့ ရှိသလို အခွင့်အရေးပေးရင် ရုပ်ရှင်ကားကြီးပါ ရိုက်ကူးနိုင်ဖို့ကြိုးစားနေပါတယ်တဲ့။
Facebook မှာ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူမရဲ့ ပုံလေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။


ခင်ဆွေသက်


Trend Myanmar

No comments:

Post a Comment