Monday, February 23, 2015

ကိုးကန့်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

လောက်ကိုင်နှင့် ချင်း ရွှေဟော်မြို့ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး ကွမ်းလုံ နှင့် သိန်းနီမြို့ကြား ရွာတစ်ရွာ တွင်လည်း အစိုးရ တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အစိုးရတပ်မတော်နှင့် ဖုန် ကြားရှင်တို့အဖွဲ့ စတင်တိုက်ခိုက် စဉ်က ကုန်းကြမ်းနှင့် လောက်ကိုင် မြို့အနီးတွင်သာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော် လည်း ယခုအခါလောက်ကိုင်နှင့် ချင်းရွှေဟော်ကြားတွင် တိုက်ပွဲ များ ပိုမိုဖြစ်ပွားလာကြောင်း ချင်း ရွှေဟော်မြို့ကို လုံခြုံရေးတာဝန် ယူထားသည့် တပ်မ (၁၁)မှ တပ်မတော်အရာရှိ တစ်ဦးက ပြော သည်။ လောက်ကိုင်မြို့ပေါ်ရှိ ဒစကဌာနချုပ်ကို ကိုးကန့်အဖွဲ့က ညစဉ် လာရောက် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အရပ်သားနှင့် သတင်း ထောက် များ လိုက်ပါလာသည့် ကြက်ခြေ နီအလံ လွှင့်ထားသည့်ကားကို နာရီဝက်ကြာအောင် ပစ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်က ကွမ်းလုံနှင့် သိန်းနီမြို့ကြားတွင် တပ်မ တော် စစ်ကြောင်းနှင့် လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ကျမှုကြောင့် ကြံခင်းအချို့ မီးလောင်ပျက်စီးခဲ့ သည်။ သိန်းနီမှ ကွမ်းလုံမြို့သို့ လာသည့်ကားများလည်း ၂ နာရီခန့် ပိတ်ဆို့နေခဲ့သည်။
ကိုးကန့်အဖွဲ့က ကြက်ခြေနီအလံပါ ကားကို ဖေဖော်ဝါရီ ၂၁ရက်က တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ လေးဦးအနက် သုံးဦးကို ယနေ့တွင် လားရှိုးဆေးရုံကြီးသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 Day Daily
ကြက်ခြေနီယာဉ်အား ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က တိုက်ခိုက်၍ ဒဏ်ရာရသူတစ်ဦးကို လူနာတင်ယာဉ်ပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ− အောင်ခိုင်)

No comments:

Post a Comment