Monday, February 23, 2015

၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင် ရမည်ဟုဆို

လွန်ခဲ့သော ခုနစ်နှစ် အတွင်းက အိမ်ခြံမြေတန်ဖိုးသတ် မှတ်ချက်များအား နှစ်လအတွင်း အခွန် မပေးဆောင် ပါက ပယ်ဖျက်ပြီး ကာလတန်ဖိုးနှင့် ပြောင်းလဲ ပေးဆောင်ရမည်ဟု သတင်းရရှိ သည်။
၂၀၀၇ မှ ၂၀၁၄ အတွင်း အခွန်မဆောင်သော အိမ်ခြံမြေ အရောင်းအ၀ယ်များသည် မတ်လ၃၁ ရက်နောက်ဆုံးထားအခွန် မ ပေးဆောင်ပါက ၎င်းတို့မူလက ၀ယ်ယူထားသည့် သတ်မှတ်တန် ဖိုးများကို ပယ်ဖျက်ပြီး လက်ရှိ ကာလတန်ဖိုးနှင့် နှုန်းထားအ တိုင်း တန်ဖိုး ပြန်သတ်မှတ်မည်ဟု ပြည်တွင်း အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောကြားသည်။
‘‘အားလုံးကို နှစ်လအချိန် ပေးထားပါတယ်။ မဆောင်ဘူးဆို ရင် ပယ်ဖျက်လိုက်တော့တယ်။ ပယ်ပြီးတော့ ကျွန်မကတော့ ၂၀၁၂ က ၀ယ်တော့ တန်ဖိုး လည်း သတ်မှတ်ပြီးသား။ ကျော်သွားပြီး အခုပြန်ဆောင်ချင်ပါတယ်ဆိုလို့ မရတော့ဘူး။ လက်ရှိကာလ ပေါက်ဈေးရဲ့ တန်ဖိုးကို ပြန်သတ် မှတ်ပေးမယ်။ အဲဒီတုန်းက အခွန် နှုန်းထားတွေ လက်မခံတော့ဘူး။ အခုနှုန်းထားနဲ့ အခွန်ဆောင်ရမယ်။ အဲဒီတုန်းက နှုန်းထားနဲ့ တန်ဖိုးအတိုင်း လိုချင်တယ်ဆိုရင် နှစ်လအတွင်းမှာ လာဆောင်ကြပါ’’ ဟု ဦးမျိုးမင်းဇော်က ဆိုသည်။

လက်ရှိတွင် အိမ်ခြံမြေလုပ် ငန်းမှ အခွန်ဆောင်သူ ဦးရေမှာ ၂၀ ရာခိုင်နှုန်းသာရှိသည်ဟုဆို သည်။
အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ကိုင်သူများသည် အခွန်ရုံးသို့ လာရောက်၍ ကာလတန်ဖိုးသတ် မှတ်ပြီးသော်လည်း တစ်ဖက် တွင် အရောင်းအ၀ယ်ပျယ်ပြယ် သွားခြင်းနှင့် အကြောင်းအမျိုးမျိုး ကြောင့် အခွန်မဆောင်ရခြင်းစ သည့် အခက်အခဲများ ရှိနေပြီး ယခုကဲ့သို့ တန်ဖိုးသတ်မှတ်ချက် ပယ်ဖျက်မည်ဆိုပါက ရက်လွန်မှ ဆောင်ရမည့်နှုန်းထား ပိုကြီးမြင့် လာနိုင်သည်ဟု မြောက်ဒဂုံမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီက ပြောသည်။
အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ကိုင်သူများမှာ စီးပွားရေးလုပ် ငန်းတစ်ခုအနေဖြင့် အခွန်ပေး ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းစ တင်မည်ဆိုပါက ပြည်တွင်းအခွန် ကို အကြောင်းကြားရန် လိုအပ် ပြီး ပျက်ကွက်ပါက ၁၀ ရာခိုင်နှုန်း၊လုပ်ငန်း စတင်ကြောင်း အ ကြောင်းကြားစာမပို့ပါက ၁၀ ရာ ခိုင်နှုန်း၊ အခွန်ကျပြီး သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ၁၀ ရာခိုင်နှုန်းတို့အပြင် လစဉ် အခွန်ပေးသွင်းရန် ပျက်ကွက်ပါ ကလည်း ၁၀ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၄ အခွန်အကောက်ဥပဒေတွင် ဖော် ပြထားသည်။
နိုင်ငံတော် အစိုးရအနေဖြင့် ၀န်ဆောင်မှုအမျိုးအစားအလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်းကို ၂၀၁၄ ဧပြီ ၁ ရက်မှစတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန် ရရှိမှု ပမာဏမှာ ငွေကျပ်ဘီလီယံ ၇၀၀ ခန့်ရှိခဲ့ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ သိရှိရသည်။
7 Day Daily

No comments:

Post a Comment