Sunday, February 1, 2015

တပ်နှင့် ကေအိုင်အေ အောက်ခြေအဆင့်ညှိနှိုင်းမှုများ ရပ်ဆိုင်းနေ



တပ်မတော်နှင့်ကချင် လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ကြားအောက်ခြေအဆင့်ညှိနှိုင်းမှုများ လွန်ခဲ့သည့်နှစ်လကျော်မှစ၍ လုံးဝရပ်ဆိုင်းသွားပြီး နည်းပညာအထောက်အကူပြုအဖွဲ့ များလည်း ဆွေးနွေး မှုမပြုဘဲ ရပ်နားနေကြကြောင်း က ချင်လွတ်မြောက်ရေး တပ်မတော် အလုပ် အဖွဲ့(KIA-TAT)မှ သ တင်းရရှိသည်။
ထို့ကြောင့် ဇန်န၀ါရီအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေ လျှော့ခြင်းများ မပြုလုပ်နိုင်ခဲ့ဟုဆိုသည်။
‘‘အစိုးရဘက်က စစ်ရေးပြ ဿနာတွေကို စစ်ရေးလိုပဲ ဖြေ ရှင်းလိုတဲ့ သဘောတွေ့ရ တဲ့အ တွက် အောက်ခြေအဆင့် ဆက်ဆံ ရေးအားလုံးကို ရပ်ပစ်လိုက်တာ ပါ’’ဟု KIA-TATပြောရေးဆိုခွင့် ရပုဂ္ဂိုလ်ဦးဒေါင်ခါး ကပြောကြား သည်။
၂၀၁၄ ဧပြီက နှစ်ဖက်ကြား နည်းပညာအထောက်အကူပြုအ ဖွဲ့များရုံးဖွင့် လှစ်ေ ဆာင်ရွက်ပြီး နောက်ပိုင်း ထိတွေ့ တိုက်ပွဲများ သိသိသာသာ လျော့ ကျသွားခဲ့ သည်။ ထို့နောက် ထိတွေ့မှုအ သေးစားများ သုံး၊လေးကြိမ် ခန့် ဖြစ်ပွားခဲ့ ရာတွင် လည်း နှစ်ဖက်ညှိနှိုင်းထိန်းသိမ်းနိုင်ခဲ့သည်။ သို့ သော်နိုဝင်ဘာ ၁၉ရက်တွင် လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းပေါ် လက်နက်ကြီးကျ ရောက်ခဲ့ပြီး အသေအပျောက်များ ဖြစ်ပေါ်ခဲ့ပြီးက တည်းက နှစ်ဖက် အောက်ခြေ ဆက်ဆံရေး များအ လုပ်မလုပ်နိုင်တော့ကြောင်း သိရ သည်။
ဇန်န၀ါရီလလယ်က နှစ်ဖက် ကြားတင်းမာမှုပေါ်ပေါက်ခဲ့ပြီး နောက် ဇန်န၀ါရီ ၃၁ရက်အထိ တစ်နေရာ မဟုတ်တစ်နေရာတွင် ပုံမှန်လိုတိုက်ပွဲဖြစ်နေ သည်ဟုဆို သည်။ ဖားကန့်တိုက်ပွဲများနောက် ဆက်တွဲအဖြစ် ဆွမ်ပရာဘွမ် အ ရှေ့ဘက်ဒေ သ၊ တနိုင်းမြို့နယ် တွင်း လိုင်ဇာအနောက်တောင် ဘက် မိုးမောက်မြို့နယ်ဒေါ့ဖုန်း ယန်မြို့နယ်အတွင်း အစရှိသည့် နေရာတို့ တွင် နှစ်ဖက်ကြားတိုက် ပွဲများဖြစ်ပွားေ နပြီးရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုးညဲ မြို့နယ်ခွဲတွင်လည်း ဖြစ်ပွားေ နခဲ့ ကြောင်းသိရသည်။
(၁၇)နှစ်တာ အပစ်အခတ်ရပ်ဆိုင်းနေခဲ့သော တပ်မတော်နှင့်ကေအိုင်အေ တို့သည် ၂၀၁၁ ဇွန် ၉ရက်ကစ၍ တစ်ကျော့ပြန်တိုက် ပွဲများဖြစ်ပွားေ နခဲ့ သည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကို စောင့်ကြည့်လေ့လာနေသော Myanmar Peace Monitor၏ စစ်တမ်းအရ ဇန်န၀ါရီလအတွင်း အစိုးရတပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များအ ကြားတိုက်ပွဲပေါင်း ၂၀ကျော် ဖြစ် ပွားခဲ့သည်။

7Day Daily
ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို လိုင်ဇာမြို့အနီးတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment