Sunday, February 1, 2015

ဖားကန့်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းရှေ့လမ်းမပေါ်၌ KIA အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ နန့်ယားကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ရှေ့လမ်းမပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် မိုင်း ထောင်ဖောက် ခွဲမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးမှပြောသည်။
ဖြစ်စဉ်မှာဇန်န၀ါရီလ ၃၀ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းမုခ်ဝရှေ့လမ်းမ၊ နန့်ယားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက် ပညာ သင်ကြား နေသော ကျောင်းသူ/သား များ အသုံး ပြုနေသည့် လမ်းကြောင်းဖြစ်ပြီး စတုတ္ထတန်း ကျောင်းသူ (၁၀၀) ကျော် အချိန်ပို စာ သင်ကြားနေချိန်တွင် ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ “ကလေးတွေ အချိန်ပိုသင်နေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်သွားလို့တော်သေးတာပေါ့ ကျောင်း ဆင်းချိန်မှာသာ ပေါက်ကွဲမှုဖြစ်ခဲ့ရင်တော့ ကျွန်မတို့ ကလေးတွေအတွက် မတွေးရဲစရာပါပဲ” ဟု ကျောင်းသား မိဘတစ်ဦးမှလည်းပြောပြသည်။
ထို့အပြင် KIA အဖွဲ့ရဲ့ ယခုလို ဒေသခံတွေအပေါ် ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ဖောက်ခွဲခြင်းများ အကြိမ်ကြိမ် ပြုလုပ်နေခြင်းကြောင့် ဒေသခံများမှာ အချိန်နှင့်အမျှ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေရကြောင်းနှင့် ယခုကဲ့သို့ စာသင်ကျောင်းများအနီးတွင် မိုင်းထောင်ဖောက်ခွဲခြင်းမှာ ကျောင်းသားလူ ငယ်တွေရဲ့ ဘ၀တွေကို ဖျက်ဆီး စေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့ခံကျောင်းဆရာတစ်ဦးမှ ပြောပြသည်။
စိုင်းသီဟဇော်(ဖားကန့်)

No comments:

Post a Comment