Tuesday, February 24, 2015

လုံးပတ် ငါးလက်မရှိသစ်ချောင်းကြီး လည်ပင်းထုတ်ချင်းပေါက်စူးဝင်ခဲ့သူ အား တောင်ငူခရိုင်ဆေးရုံကြီးမှ အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့


အသက် (၄၆)နှစ်အရွယ် အမျိုး သားတစ်ဦး၏ လည်ပင်းထဲသို့ လုံးပတ် ငါးလက်မ၊ အရှည် ငါးပေ ရှိ သစ်ချောင်းကြီး ထုတ်ချင်းပေါက် ဝင်ခဲ့သော် လည်း တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန် များက အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက် ကြီးမြို့နယ် ကျောက်ခဲကြီးကျေးရွာ နေ ဦးမျိုးခိုင် သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၇ နာရီခန့်က မီးဖို ချောင်သုံး ထင်းအတွက် ပျဉ်းကတိုး ပင်ပေါ်တက်၍ ကိုင်းဖျား ကိုင်းနားများ
တက်ခုတ်ရာ သစ် ပင်ပေါ်မှပြုတ် ကျပြီး အောက်ရှိ ခုတ်ပြီးစ ထောင်နေသည့် သစ် ချောင်းပေါ်သို့ မှောက်လျက်အနေ အထားကျသဖြင့် လည်ပင်းထဲသို့ ထုတ်ချင်းပေါက်နစ်ဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လူနာအား ကျောက်ကြီးမြို့နယ် ဆေးရုံမှ တောင်ငူခရိုင်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီတွင် တောင်ငူ ခရိုင်ဆေးရုံကြီးမှ ခွဲစိတ်ကု ဆရာဝန်ကြီးများက တစ်နာရီကြာ ခွဲစိတ်ကုသ၍ သစ်ချောင်းကြီးကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။
''သူကံကောင်းသွားတာက အဓိက သွေးကြောမကြီးတွေကို မထိဘဲ ကြွက်သားငယ်လေးတွေ ကိုပဲ ထိသွားလို့ တစ်နာရီလောက်ပဲကြာ ပါတယ်။ အသက်အန္တရာယ်မစိုး ရိမ်ရတော့ပါဘူး။ အသားပြန်တက် လာရင်တော့ အသေးစားခွဲစိတ် ကုသမှုလေးတွေ လုပ်ရပါဦးမယ်''ဟု တောင်ငူ ခရိုင် ဆေးရုံကြီး ခွဲစိတ် ကုသဆောင်မှ တာဝန်ရှိသူ ဆရာဝန် တစ်ဦးက ပြောကြားသည်။
ကျော်စွာ(တောင်ငူ)
MOI Webportal Myanmar

No comments:

Post a Comment